Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတ​ပ်က သာသနာ့ဂုဏ် ဆောင်ဆရာတော်ကြီးများ၏ မွေးရပ်မြေပါမချန် မီးတင်ရှို့နေ

အိမ်ခြေ အကုန်နီးပါး မီးလောင်ကျွမ်းခဲ့၍ အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ စောင်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေ စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာမှ နေအိမ် ၇၀၀ကျော်အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဒီဇင်ဘာ၂၁ ရက်က စစ်ကိုင်းမြို့နယ်၊ မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ကာ မိုးသောက်ရွာမှ နေအိမ်၂၅၀လုံး ၊ လင်းယဥ်ရွာမှ နေအိမ် ၁၅၀ ၊ လင်းယဉ်ရွာသစ်မှ နေအိမ် ၁၃၀ ၊ ရှမ်းကုန်းရွာမှ နေအိမ် ၁၄၈ လုံး၊ ကုန်းကြီးရွာမှ နေအိမ် ၅၁လုံး စုစုပေါင်း လူနေအိမ် ၇၂၉လုံး ကို တပ်မ(၃၃) စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက် ဆီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
လင်းယဥ်ကျေးရွာ မီးလောင်ကျွမ်းပျက်စီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

ထို့အပြင် ဒေသခံ အမျိုးသားအချို့လည်း ဖမ်းဆီးခံရကာ တစ်ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“သက်တော် ရာကျော်ရှည်ခဲ့တဲ့ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းက ရွှေကျင်ဂိုဏ်း သာသနာပိုင် ဆရာတော် ဥုးအဂ္ဃိယ တို့ရဲ့ မွေးရပ်မြေကို တပ်မ ‌(၃၃)က ရွာလုံးကျွတ်မီးရှို့ခဲ့တာဖြစ်ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အိမ်ခြေ အကုန်နီးပါး မီးလောင်ကျွမ်းခဲ့၍ အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ စောင်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်တွင် တစ်နှစ်အတွင်း ကျေးရွာရွာ ၂၅ရွာရှိ အိမ်ခြေ ၁,၆၅၂လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်၊ရဲနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

You May Also Like

သတင်း

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။

သတင်း

ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာအများအပြားသည် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မှုအားကောင်းပြီး စစ်အုပ်စု၏ အကြမ်းဖက်ဖမ်း​ဆီးခြင်း၊ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသည်။

သတင်း

ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှစ်ဦးကိုမူ ယခုအချိန်အထိပြန်လည်မတွေ့ရှိရသေးကြောင်း မြေပြင်သတင်းပေးပို့မှုများအရ သိရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။