Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ်သုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်နှစ် ၂၀ကျော်စီ မတရားချမှတ်

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ် သုံးဦးအား ယနေ့ (ဒီဇင်ဘာ ၂၃) အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် (၂၂)နှစ်စီ မတရားချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။

အဆိုပါ လူငယ်သုံးဦးမှာ ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဖြစ်သူ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ ဖြစ်ကြသည်။

၎င်းတို့ သုံးဦးသည် ပြီးခဲ့သည့် မတ်လ ၂ရက်က အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် စစ်အုပ်စုက ၎င်းတို့ သုံးဦးအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ကာ အမြင့်မားဆုံးပြစ်ဒဏ်များဖြစ်သည့် ပုဒ်မ (၅၀)ည အတွက် ထောင်ဒဏ် ၁၅ နှစ်၊ ပုဒ်မ (၅၂) က အတွက် ၇ နှစ်ဟုဆိုကာ စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်စီ မတရားချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က ဖော်ပြခဲ့သည်။

“စကစ က အနာဂတ်လူငယ်တွေကို ထောင်ဒဏ် နှစ်ရှည်တွေ ချပြီး တမင်ချိုးနှိမ်နေတာပါ။ တော်လှန်ရေး အောင်မှ သူတို့တွေ ပြန်လွတ်မြောက်နိုင်မှာ ဖြစ်တဲ့အတွက် အပြင်မှာ ကျန်တဲ့သူတွေက တော်လှန်ရေး အောင်မြင်ဖို့ ပိုကြိုးစားကြဖို့ လိုအပ်ပါတယ် “ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီး၌ အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင် ကျောင်းသားရဲဘော် ၃၀ကျော်အထိရှိကြောင်း ABFSU က ဖော်ပြခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင်စစ်ကောင်စီတပ်က၁၀မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ပြီး​နောက်နည်းပညာတက္ကသိုလ်(ကလေး)ထဲကို ဝင်ရောက်သွားသည်။