Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် နှစ်စီးအား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင်တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj
မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင်တွေ့ရသည့် စစ်ကောင်စီယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းချရန် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီတပ်၏ ယာဉ်နှစ်စီးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa၏ တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၇ နာရီ ၄၀မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမြို့မှ ကင်းပုန်းချရန်ထွက်လာသော စစ်ယာဉ်နှစ်စီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏တာဝန်ခံ ဒေါင်းကာရံက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတ​ပ်ဖွဲဝင် သုံးဦးသေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

ဖြစ်စဥ်တွင် စစ်အု​ပ်စု၏ အထိအခိုက်အခြေအနေများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများအား မကြာခဏတိုက်ခိုက်နေပြီး စစ်အုပ်စုယာဥ်တန်းနှင့်အတူ ပြည်သူများလိုက်ပါလာခြင်းမပြုကြရန် Pdfအဖွဲ့များက သတိပေးထားသည်။

You May Also Like

သတင်း

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

သတင်း

မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။