ဖောင်းကွဲရွာ ပြည်သူလေးဦးလည်း သတ်ဖြတ်ခံရ
အဆိုပါ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် က တောင်ရွာကျေးရွာကို မီးရှို့ဖျက်ဆီးရာ CDM ကျောင်းဆရာမ၏ အသက်(၈၀) ကျော်အရွယ် ဖခင်ကိုပါ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ တောင်ရွာကျေးရွာတွင် နေအိမ်ပေါင်း ၄၅လုံး မီးလောင်ပျက်စီးခဲ့ရပြီးအသက် (၈၆)နှစ်ခန့် အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/321947659_3298107710427197_6530295442448356950_n.jpg?resize=485%2C1024&ssl=1)
“တောင်ရွာက CDM ကျောင်းဆရာမရဲ့အဖေ အသက်၈၆ နှစ်ရှိတာကို မီးရှို့တာထဲမှာထည့်သွားတယ်။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။
ထို့အပြင် ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀ လည်းမီးထဲပါသွားကြောင်း နွေဦးတော်လှန်ရေး(မြိုင်)က အသိပေးသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/PSA_Inside-Story_Landmines.jpg?resize=880%2C446&ssl=1)
စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။
တောင်ရွာမီးရှို့ခံရမှုတွင် နေအိမ်များအပြင် ဆိတ်အကောင်ရေ ၅၀မှ ၆၀ကြား မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/320223586_680333316876000_1270065771803840467_n.jpg?resize=720%2C540&ssl=1)
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/321492852_1182534935701384_362543877610693099_n.jpg?resize=720%2C540&ssl=1)
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/319808777_5895728667137406_3543851216903282058_n.jpg?resize=720%2C540&ssl=1)
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/321505076_3051356261823765_3039839676413626789_n.jpg?resize=720%2C540&ssl=1)
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/320931417_700453545157242_3714435282597304065_n.jpg?resize=720%2C540&ssl=1)
![မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရသည့် တောင်ရွာကျေးရွာ၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/12/321295186_5853115384770804_8282819470267294372_n.jpg?resize=720%2C540&ssl=1)
ထိုကဲ့သို့ မီးရှို့လူသတ်နေသော စစ်ကောင်စီတပ်ကို ဖောင်းကွဲရွာမှထွက်လာစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ပြောကြားသည်။
ဒီဇင်ဘာ ၂၃ ရက်နံနက် ၈ နာရီခွဲခန့်က ဖောင်းကွဲကျေးရွာမှ ဒေသခံပြည်သူများအား သတ်ပြီးထွက်လာသည့် စစ်ကောင်စီတပ်အား ပခုက္ကူသူရိန်အဖွဲ့နှင့်အတူ ဒရုန်းဖြင့်အီနာဂါ ၂၂လုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ပြောသည်။
“ဖောင်းကွဲရွာအရှေ့တောင်ဘက်မှာ ဒီကောင်တွေပြန်တဲ့အချိန်မှာ ဒရုန်းနဲ့လိုက်ချတာ။ ၊ ၅ ယောက်လောက်ကျပြီး ခုနစ်ယောက်လောက် ဒဏ်ရာရတယ်ပြောတယ်။ ခုနစ်ယောက်ထပ်လည်းပိုနိုင်တာပေါ့။”ဟု ကိုလကျ်ာက ပြောသည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)