Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့အဝင် ဘန်ကာဆောက်နေသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။

PDFများ လုံခြုံရေးယူပြီး မုံရွာမြို့အဝင်၌ ချီတက်ဆန္ဒပြနေသည်ကို မေလ၂၈ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်
PDFများ လုံခြုံရေးယူပြီး မုံရွာမြို့အဝင်၌ ချီတက်ဆန္ဒပြနေသည်ကို မေလ၂၈ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၌ ဘန်ကာဆောက်နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)က မုံရွာ-မန္တလေးလမ်းမပေါ် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ဘန်ကာဆောက် လုပ် အခြေချစခန်းပြုလုပ်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Attack Forceက အသိပေးသည်။

စစ်ဆင်ရေးတွင် မုံရွာခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၂)မှ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၏ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ် ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ တပ်ရင်း (၂)တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF၊ Area 71 Defense Force (Monywa) ၊ Special Forces 11 – PDF Brave Heart Army၊ ဗန္ဓုလ အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၇)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chindwin Attack Forceထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။

You May Also Like

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

သတင်း

ရဲဘော်များအထိအခိုက်မရှိကြောင်း၊ ထိုစစ်ဆင်ရေးကို Guerrilla Warfare-K.P.K အဖွဲ့ နှင့် Taze Tiger ၊TSR ၊ PLA နှင့် တပ်ရင်း(၈)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

"သူတို့က ရိုက်သတ်ထားတာ။ နှစ်ယောက်ဆိုရင် ခေါင်းဖြတ်သတ်ထားတာ။ ကျန်တဲ့ ၆ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်ခံထားရတာ။ အကုန်လုံးက လက်ပြန်ကြိုးတုပ်ထားတာပေါ့"ဟု အင်းတော်ဒေသခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။