Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသအခြေစိုက် The Youth Force (Saw&Kyaukhtu)တပ်ဖွဲ့ဝင် ရဲဘော်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲပြုလုပ်

The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)

လုံခြုံရေးအခြေအနေအရ ဖြန့်ခွဲနေထိုင်သော တပ်ဖွဲ့ဝင်များအားလုံး ယနေ့ တစုတစည်းတည်းတွေ့ဆုံခဲ့ကြကြောင်း ယောဒေသအခြေစိုက် The Youth Force (Saw&Kyaukhtu)က သတင်းထုတ်ပြန်သည်။

The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အခြေအနေအရ ဖြန့်ခွဲနေထိုင် ကြတာ။ ပထမဆုံးအကြိမ်တွေ့ဆုံကြတာ။ ကျွန်တော်တို့က NUG ရဲ့ ဦးဆောင်မှုနဲ့အတူ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ထုတ်သွားကြမှာပါ”ဟု The Youth Force (Saw&Kyaukhtu)၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

The Youth Force (Saw&Kyaukhtu)သည် တော်လှန် ရေးအစကာလတွင် ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းဖြစ်လာသည်။

The Youth Force (Saw&Kyaukhtu) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကွပ်ကဲမှုများကို ခံယူ၍ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုင်ပွဲဝင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

"မနက်အစောကြီးဝင်လာ​တော့ အငိုက်မိသွားပြီး ကို မြတ်သူအောင် အဖမ်းခံလိုက်ရတာ။ စ...(စစ်ကောင်စီတပ်သား)လက်ထဲကနေ သေနတ်လုပြီး ပြန်ပစ်တာမှာ နောက်ကနေ အပစ်ခံလိုက်ရတယ်။ ကိုမြတ်သူအောင်ကို မီးလည်းရှို့သွားတယ်"ဟု ကိုနွေဦးက ပြောသည်။

သတင်း

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ အောင်အောင်(ကိုယ်ပိုင်နံပတ်- တ/၀၁၉၂)၊ လှိုင်ဝင်းအောင်(ကိုယ်ပိုင်နံပတ်- တ၅၀၄၈ ၁၉)၊ ရဲမင်းသိမ်း(ကိုယ်ပိုင်နံပတ်- တ၅၇၄၂၆၀)တို့ဟု ဖော်ပြထားသည်။

သတင်း

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။