Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIAဌာနချုပ်နယ်မြေသို့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ဒီဇင်ဘာ ၁၇ရက်မှ ၂၀ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအခြေနေများကို ဖော်ပြခဲ့သည်။

(စစ်ကောင်စီတပ်​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ်နယ်မြေသို့ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်နေပြီး လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ဒီဇင်ဘာ ၁၇ရက်မှ ၂၀ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအခြေနေများကို ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၀ရက်တွင် မန္တလေးမြို့ တံတားဦး လေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် KIA ဌာနချုပ်နယ်မြေရှိ ကျေးရွာအနီးသို့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIAက ဆိုသည်။

Public Service Announcement
Public Service Announcement

ဒီဇင်ဘာ ၁၉ရက်တွင်လည်း ခါရာဘွမ် နှင့် ဘွမ်ရယ်ဘွမ်တွင်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ မုန်လိုင်ခတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၁၇ရက် နံနက် ၁နာရီခန့်တွင်လည်း တိုက်လေယာဉ် နှစ်စီးဖြင့် KIA ဌာနချုပ် နယ်မြေသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု မရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် အရပ်သားရှိရာ ကျေးရွာအနီး ကျရောက်ပေါက်ကွဲမှုများရှိလာ၍ ဒေသခံများ စိုးရိမ်နေကြရကြောင်း KIA သတင်းပြန်ကြား ရေးဌာနက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၈ရက် နံနက် ၉နာရီက ဘီယာဆိုင်လာသည့် ရဲ ငါးဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး လေးဦးပွဲချင်းပြီး သေဆုံးခဲ့သည်။

ဆောင်းပါး

ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။

သတင်း

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀ကျော်ဖြင့် ဆယ်ဇင်းကုန်းကျေးရွာထိပ်လမ်းပိုင်းတွင် ယာဥ်အသွားအလာများအား စစ်ဆေးကာ ဖမ်းဆီး၊ ငွေကောက်ခံမှုများလုပ်ဆောင်နေသည် အထက်ပါရဲဘော်က ရှင်းပြ သည်။