Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း ငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခံရ

မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား ပြီးခဲ့သည့် နှစ်ပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းပိုင်းတွင် သွားလာနေသော စစ်ကောင်စီယာဉ်တန်းအား ပြီးခဲ့သည့် နှစ်ပိုင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား ငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ၂၆ ရက်)နံနက် ၃ နာရီ ၁၅မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က အသိပေးသည်။

“စစ်ယာဉ်တန်းကို ငါးကြိမ်မိုင်းဆွဲခဲ့တယ်။ ကား သုံးစီးလုံးထိထိမိမိမှန်ပြီး အများအပြားထိခိုက် သေဆုံးနိုင်တယ်။ စ…(စစ်ကောင်စီတပ်သား) ကားပေါ်က ပြန်လည်ပစ်ခက်မှုတွေရှိပေမယ့် တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။”ဟု People’s Knight Defense Force Myinmu အဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s knight Defense Force Myinmu ( PKDF-MMU)နှင့် People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

သတင်း

မနေ့က နေ့ခင်းပိုင်း ၂ နာရီဝန်းကျင်မှာ ဆိုင်ထဲ ဝင်လာတဲ့အမျိုးသား ၁ဦးက သေနတ်ပြပြီး ဓားပြဝင်တိုက်တာလို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပါတယ်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။

သတင်း

"သူတို့က ရိုက်သတ်ထားတာ။ နှစ်ယောက်ဆိုရင် ခေါင်းဖြတ်သတ်ထားတာ။ ကျန်တဲ့ ၆ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်ခံထားရတာ။ အကုန်လုံးက လက်ပြန်ကြိုးတုပ်ထားတာပေါ့"ဟု အင်းတော်ဒေသခံက ပြောသည်။