Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ၂၅ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ကော့ကရိတ်မှာစစ်တပ်ကလေကြောင်းကင်းထောက်ခြင်းနဲ့လက်နက်ကြီးပစ်ခတ်မှုဆက်လုပ်၊ တင့်ကား ၂စီးကိုPDFကတိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲများ တစ်ပတ်ကျော်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒီနေ့ မနက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီဇင်ဘာ ၁၆ ရက်မှာ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ မနေ့ကအထိ မြေပြင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်က အရာရှိများအပါအဝင် သေဆုံးထိခိုက်များခဲ့ပါတယ်။ တစ်ပတ်ကျော်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ တင့်ကား နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်း ၆၀ မမဗုံးသီး ၄ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာတင့်ကားပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်မှ ၂ ဦး​သေပြီး ၄ ဦးထိခိုက်မှုဒဏ်ရာရတယ်လို့Golden Eagle PDFအဖွဲ့က​ပြောပါတယ်။

▪︎(၉)မိုင် အကျဉ်းထောင်ဦးစီးမှူးကို ပုလောဒေသကာ ကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီးရမိ

ကော့သောင်းခရိုင်၊(၉)မိုင် အကျဉ်းထောင်ဦးစီးမှူးကို ဖမ်းဆီးရမိတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)တာဝန်ရှိသူက ပြောပါတယ်။ မနေ့က ခရီးသွားယာဉ်နဲ့ လိုက်ပါလာတဲ့အကျဉ်းထောင်ဦးစီးမှူးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ အကျဥ်းထောင်ဦးစီးမှူးထံမှ ကျပ် ၁၇သိန်းနဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရရှိထားတယ်လို့ အသိပေးပါတယ်။ ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းဖမ်းဆီးခဲ့တာပါ။ အဲဒီအကျဥ်းထောင်ဦးစီးမှူးကို PRDF က ဆက်လက်ထိန်းသိမ်းထားတယ်လို့ အသိပေးပါတယ်။

(PRDFနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဖမ်းမိခဲ့သည့် (၉)မိုင်ရွာ အကျဥ်ထောင်ဦးစီးမှူးအား တွေ့ရစဉ်)
(PRDFနှင့် မဟာမိတ်တပ်ပေါင်းစုမှ ဖမ်းမိခဲ့သည့် (၉)မိုင်ရွာ အကျဥ်ထောင်ဦးစီးမှူးအား တွေ့ရစဉ်)

▪︎စစ်အုပ်စုက တစ်ရက်တည်း ရွာသုံးရွာ မီးရှိ့ဖျက်ဆီးပြီး ဒေသခံနှစ်ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ဒေသခံ ရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက် နေ့ခင်းက စစ်ကိုင်းမြို့နယ် ဆားတောင်မြို့၊ သိမ်ချောင်းကျေးရွာဘုရားငါးဆူမှာ တပ်စွဲစခန်းချထားတဲ့ စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းမှာ ထန်းတောကုန်းရွာ၊ ညပိုင်းမှာ ဂူကြီးကုန်းရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူများ ရှိနေပြီး ဂူကြီးကုန်း ရွာသားနှစ်ဦးလည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

ဒီဇင်ဘာ၂၁ ရက်က မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ - CJ
ဒီဇင်ဘာ၂၁ ရက်က မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာသို့ စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ – CJ

▪︎မတ္တရာနယ်ဧရာဝတီမြစ်ဘေးကျေးရွာတွေကိုစစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က ညအချိန် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားတယ်လို့ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ ညနေပိုင်းက မတ္တရာမြို့နယ် ဧရာဝတီမြစ်ဘေးရှိ စိန်ပန်းကုန်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အိမ်ခြေအများအပြား မီးလောင် ကျွမ်းပျက်စီးနိုင်တယ်လို့ သိရပါတယ်။ ဒီဇင် ဘာ၂၃ ရက် ညနေပိုင်းက ဧရာဝတီမြစ်ကြောင်းအတွင်း မန္တလေးမြို့မှဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ ရေယာဉ်တစ်စီးကို စိန်ပန်းကုန်းကျေးရွာအနီး ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် စစ်အုပ်စုက အနီးရှိ စိန်ပန်းကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

▪︎ရေကြောင်းမှတစ်ဆင့်အင်အားတိုးချတဲ့စစ်အုပ်စုဒရုန်းနဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ Myaung Revolution Army သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာမြို့မှ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာသို့ ရေကြောင်းမှတစ်ဆင့် အင်အားတိုးချတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ရှင်းပြပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး ‌သေဆုံးပြီး တပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီဒရုန်းစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်တပ်ရင်း(၅) MRA နဲ့အတူ မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၄)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အသိပေးပါတယ်။

▪︎ဝမ်းတွင်းမှာ PDFတွေကို ဓာတ်ပုံနှင့်တကွ လိုက်ရှာနေတဲ့ ပျူခေါင်းဆောင် အုပ်ကြီး သားအဖ အသတ်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ PDFတွေကိုဓာတ်ပုံနဲ့တကွ လိုက်ရှာနေတဲ့ ကျေးရွာ (၇)ရွာ အုပ်ချုပ်ရေးမှူး သားအဖကို ရှင်းလင်းခဲ့တယ်လို့ WTRF (Wundwin Township Revolution Force)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနဲ့ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို မနေ့ညပိုင်းက ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ သားအဖနှစ်ယောက်ဟာ ပျူစောထီးအဖွဲ့ဝင်များလည်းဖြစ်ပြီး ဖခင်ဖြစ်သူ အုပ်ချုပ်ရေးမှူး ပြည်အေးဟာ မြို့နယ်အတွင်း အကြီးစားပျူစောထီးခေါင်းဆောင်ဖြစ်ကာ ကျေးရွာနေပြည်သူများအပေါ် ဗိုလ်ကျအနိုင်ကျင့်နေသူဖြစ်တယ်လို့ သိရပါတယ်။

▪︎မုံရွာ – မန္တလေးလမ်းဘေးကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးဘေးကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလက်လုပ် (၄၀)မမများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People Revolution Force Kyaukse အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက စစ်ကိုင်းမြို့နယ်၊ ထီးဆောင်းကျေးရွာနဲ့ ညောင်ပင်ဝန်းကျေးရွာကြား နဘဲကြူးဇရပ်အနီးရှိ လမ်းဘေးခြံတစ်ခုအတွင်း ဝပ်ကင်းယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား၂၀ ခန့်ကို လက်လုပ် (၄၀) မမတွေနဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ပြင်းထန်ဒဏ်ရာများရရှိနိုင်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ဆင်ရေးကို People Revolution Force Kyaukse၊ အမရစစ်သည်တော်ကာကွယ်ရေးအဖွဲ့၊ Farmer Revolution Force(SGG)၊ Kyaukse District Defense Force၊ PDF တောင်သာ၊ Dragon Brother Defense Force မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

You May Also Like