Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ လက်ကျန်အမှုတွေ ဒီနေ့ အပြီးသတ်လျှောက်လဲချက်ပေးမယ်

နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ကျလို့ရတဲ့ အဂတိပုဒ်မတွေဖြစ်ပါတယ်။

ဓာတ်ပုံ − AP
ဓာတ်ပုံ − AP

စစ်ကောင်စီ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ လက်ကျန် အမှု ၅ မှု ကိုဒီနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးတော့မှာပါ။

နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ လျှောက်လဲချက်ပေးမှာဖြစ်ပြီး အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ကျလို့ရတဲ့ အဂတိပုဒ်မတွေဖြစ်ပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတ ဦးဝင်းမြင့်ကိုလည်း အမှုတွဲထားပါသေးတယ်။

အမှုတွေကတော့ NLD အစိုးရ လက်ထက် ရဟတ်ယာဉ် ဌာရမ်းတာ ၊ဝယ်ယူရာမှာ နိုင်ငံ့ဘဏ္ဍာငွေထိခိုက်တယ်ဆိုပြီး အဂတိပုဒ်မတွေနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။

အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဦးမင်းသူတို့သက်သေထွက်ဆိုပေးထားပါတယ်။

လက်ကျန်အမှုတွေကို အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် လာမယ့် နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်အမိန့်ချဖို့ရှိနေပါတယ်။

လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

You May Also Like

သတင်း

အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲကာ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းလည်း ဖော်ပြထားသည်။

သတင်း

လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။

သတင်း

ဒီနေ့ ထွက်ဆို တဲ့ ဝန်ကြီး ဦးမင်းသူကိုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းထောင် ၃ နှစ်ချထားပါတယ်။