Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)

စစ်ကောင်စီတပ်မှ လေးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် သဲတောကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDFက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နံနက် ၉ နာရီခန့်က အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မြိုင်နှင့် ပခုက္ကူမြို့နယ်များမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့)
(သဲတောရွာမီးလောင်ပြင်မှ အရိုးစုအချို့နှင့် ဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ပေးပို့)

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က သဲတောရွာအား မီးရှို့ဖျက်ဆီး၊ ခိုးဆိုးလုယက်ကာ ရွှေလှေကားကျေးရွာဘက် တပ်ဆုတ်သွားစဥ် နယ်မြေခံတော်လှန်ရေး ရဲဘော်လေးဦးက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် သောတဲရွာသို့ဝင်ရောက်ခဲ့ရာ စစ်ကောင်စီတပ်ကင်းပုန်းနှင့်တိုးပြီး တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း Southern YSO PDF မှ ဗိုလ်အောင်မောင်းက ပြောသည်။

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။

အလားတူ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု Southern YSO PDFက ဆိုသည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက် တိုက်ခိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်သည် အင်အားများထပ်မံဖြည့်တင်းခဲ့ပြီး သဲတောရွာနှင့် အခြားကျေးရွာနှစ်ရွာတွင် တပ်ဖြန့်ထားရာ ထိတွေ့တိုက်ပွဲများဆက်ဖြစ်လာနိုင်ကြောင်း YSO PDF က ခန့်မှန်းသည်။

“ဆုံးရူံးသွားတဲ့ လက်နက်တွေရယ် ကျဆုံးသွားတဲ့ ရဲ ဘော်တွေအတွက် တရားမျှတမှုလိုချင်တယ်။ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရလိမ့်မယ်။ အာဏာရှင် စ…(စစ်ကောင်စီတပ်သား)တွေကို ကမ္ဘာမကြေဘူး”ဟု Southern YSO PDF မှ ဗိုလ်အောင်မောင်းက မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် သဲတောကျေးရွာသို့ဝင်ရောက်စဥ် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူသုံးဦးကိုပါ မီးရှို့အလောင်းဖျောက်ခဲ့ဟန်ရှိပြီး မီးလောင်းပြင်တွင် အရိုးစုများကျန်ရစ်ခဲ့ကြောင်း သိရသည်။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

သတင်း

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။