Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တွင် တိုက်ပွဲဆက်ဖြစ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

(စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်​၏ ရဟတ်ယာဉ်တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သားတစ်ဦးဒဏ်ရာရ၊ လေကြောင်းမှ ကင်းထောက်နေဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်အင်အားများ ထပ်တိုးထားကြောင်း ဒေသခံက ပြောသည်။

“စကစတွေ အင်အားတိုးလာတယ်လို့လည်း ကြားတယ်။ မောင်းမရွာသစ်ရဲ့အပေါ် မိကသိန် ကျောင်းမှာအဲဒီမှာ တိုးလာတယ်လို့ပြောတယ်။ အခု တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ အခု ၁၁နာရီ ၁၅ မိနစ်လောက်မှာ လေယာဉ်လာပြီးတော့ ဝဲနေပါတယ်”ဟု ကော့ကရိတ်ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

“ဒီမနက် ၆နာရီနဲ့ ၇နာရီကြားမှာတော့ ရွာသစ် ဒေသခံတစ်ဦး စကစပစ်လို့ လက်မှာထိသွားတာပေါ့။သူက ငါးရှာဖားရှာရင်းနဲ့ အင်းမှာထွက်လာတော့ စကစက သူ့ကို လှမ်းပစ်တာ”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ယခင်နေ့များကလည်း စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ သံဃာတော် အချို့အပါအဝင် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

သတင်း

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ ကျေးရွာများကိုလက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့သလို နေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံတွေက ပြောဆိုသည်။