Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် စစ်အုပ်စုအထိနာ၍ ပိုဝမြောက်ရွာအား မီးတင်ရှို့ဖျက်ဆီး

ပိုဝကျေးရွာသည် ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ်က စာသင်ဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(ပိုဝမြောက်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(ပိုဝမြောက်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝမြောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာကာ ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၇၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်သ​ည် မတ္တရာမြို့ဘက်မှ မြို့အနောက်ခြမ်း ရွာတော်ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ယမန်နေ့(မတ်လ ၂၂ ရက်) နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်များသည် ပိုဝရွာမြောက်ပိုင်းသို့ ဦးတည် ခြေလျင်စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းတစ်လျှောက်တွင် လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ပိုဝမြောက်ရွာတွင် ရောက်ရှိပြီးနောက် နံနက် ၈နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာအား စတင်မီးရှို့ ဖျက်ဆီးခဲ့ရာ မွန်းလွဲ ၁နာရီခွဲခန့်အထိ ၄ နာရီကျော်ကြာ လောင်ကျွမ်းခဲ့ကြောင်း၊ ပိုဝမြောက်ရွာသည် အိမ်ခြေ ၃၇၀ကျော်ရှိပြီး ၇၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

(ပိုဝမြောက်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)
(ပိုဝမြောက်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- Wetlet Informational Network)

ယမန်နေ့ကလည်း စစ်ကောင်စီတပ်သည် ပိုဝကျေးရွာသို့ စစ်ကြောင်း နှစ်ခုဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ၎င်းတို့နှင့်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကြောင်း ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေးအင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိပေ။

“ ပိုဝမြောက်ရွာ မီးရှို့တဲ့စကစအဖွဲ့က တောပုရွာဘုန်းကြီးကျောင်းထဲ ရောက်သွားတယ်။ ရွာထဲကျန်မကျန်တော့မသိရသေးဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိုဝကျေးရွာသည် ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပထမအကြိမ်က စာသင်ဆောင်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်းကျေးရွာများအား မတ်လ ၁၃ရက်မှစတင်ကာ ကျေးရွာပေါင်း ၁၁ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေပေါင်း ၂၁၀ကျော် မီးလောင်ပျက်စီးခဲ့ကာ ပြည်သူခုနစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

မေးမြန်းခန်း

စစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲအခြေအနေ၊ DPNS ရဲ့ သဘောထားတို့ကို People’s Spring သတင်းဌာနက DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

ကိုင်းတောမရဲစခန်းနှင့် စက်မှု(၂)ကြားတွင် မြိုင်မှထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာတွင် ကင်းပုန်း၏ အငိုက်ဖမ်းပစ်ခက်မှုကြောင့် တပ်ရင်း၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း မြိုင်(ပကဖ)ခေါင်းဆောင်က ပြောသည်။

သတင်း

မတ္တရာမြို့နယ်၊ အနောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့်ဒေသတွင်း PDFများ ယမန်နေ့ကအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနေသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၆၀ခန့်ရှိသော ဒီးဒုတ်ကွင်းရွာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ရော့ကတ်များမှာ မကွေးခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂) တောင်တွင်းကြီးတပ်ခွဲမှထုတ်လုပ်သော လက်နက်များအား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။