Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုကားကွင်းအနီးဗုံးပေါက်၊ ပြည်သူ တစ်ဦးသေပြီး ၂၀ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့အဝင်၌ တင်းကြပ်စွာစစ်ဆေးလေ့ရှိပြီး ကျေးရွာမှမြို့ပေါ်တက်ကာအရောင်းအဝယ်ပြုလုပ်သူများ မကြာခဏအခက်အခဲများကြုံနေရကြောင်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲပြီးနောက်အခင်းဖြစ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Myanmar Rescue Organization-Shwe Bo
မိုင်းပေါက်ကွဲပြီးနောက်အခင်းဖြစ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Myanmar Rescue Organization-Shwe Bo

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီအရာရှိများရောက်ရှိနေ၍ စစ်သားများနေရာအနှံ့ချထားချိန် ကားကွင်းအနီးရှိတံတားပေါ်တွင် မိုင်းကွဲ၍ သေကလေးငယ်တစ်ဦးအပါအဝင် ၂ဝကျော်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (မတ်လ ၂၈ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့တွင် စစ်ကောင်စီအရာရှိများ အောင်မြေလာနင်းသည်ဟုဆိုကာ ​အောင်မြေဘုရား၊ နန်းတော်ပတ်လည်နေရာများအပါအဝင် မြို့တွင်းနေရာများ၌ စစ်ကောင်စီတပ်များ လုံခြုံရေးချထားခဲ့ကြောင်း၊ လုံခြုံရေးများရှိနေသည့်ကြားက ကားကွင်းအနီးတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

တံတားပေါ်လူနာများ ကောက်ပြီးချိန် ဒုတိယအကြိမ် ကားကြီးကွင်းမြောက်ဘတ် လမ်းပေါ်တွင် ဒုတိယအကြိမ်ထပ်မံ မိုင်းကွဲခဲ့ကြောင်း၊ ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိိုးသမီးလူနာ ၈ ဦး၊ အနီရောင်ဆင့် ၇ ဦး ၆ ဦးမန္တလေးလွဲပြောင်းထားကြောင်း၊ ဆေးရုံရောက်ရှိချိန် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း Myanmar Rescue Organization-Shwe Boအဖွဲ့က သတင်းထုတ်ပြန်သည်။

စုစုပေါင်းလူနာအရေတွက် ၂၀ ဦးအားလူနာတင်ယာဉ် ၃ စီး၊ ထောက်ကူပြုယာဉ် တစ်စီးရွှေဘို ဆေးရုံကြီးOPDသို့ကူညီပို့ဆောင်ခဲ့ကြောင်း၊ အမှတ်(၆)ရပ်ကွက် သိရိမင်္ဂလာရပ်ကွက်တွင်လည်း တတိယအကြိမ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Myanmar Rescue Organization-Shwe Boအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ ခပ်ကြီးကြီးကောင်တွေ ရွှေဘိုလာပြီး အောင်မြေလာနင်းတာတဲ့။ လုံခြုံရေးတွေ တစ်မြို့လုံးချထားပြီး ခုမနက် ရွှေဘိုမှာ ဗုံးကွဲတာစဥ်းစားစရာပါပဲ။” ဟု နယ်ခံတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းနေပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ ကျွန်တော်တို့လည်းကြားတယ်။ နီးစပ်ရာအဖွဲ့တွေလိုက်မေးတော့လည်း သူတို့လုပ်တာမဟုတ်ဘူးလို့ပြောတယ်။ထပ်စုံစမ်းနေတယ်။” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့အဝင်၌ တင်းကြပ်စွာစစ်ဆေးလေ့ရှိပြီး ကျေးရွာမှမြို့ပေါ်တက်ကာအရောင်းအဝယ်ပြုလုပ်သူများ မကြာခဏအခက်အခဲများကြုံနေရကြောင်း ဒေသခံများက ပြောသည်။