Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် ‌မီးရှို့ဖျက်ဆီးပြန်လာသည့်စစ်ကောင်စီတပ် မိုင်းထိ

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြွေဟင်္သာကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြွေဟင်္သာကျေးရွာ မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

မတ္တရာမြို့နယ် မြွေပုံကန်ကျေးရွာနှင့် စဥ့်ကူးမြို့နယ် ကျွန်းကြီးကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သည် မတ်လ ၂၈ ရက် ညနေ ၃ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြွေဟင်္သာကျေးရွာရှိ နေအိမ် ၂ဝခန့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

စစ်ကောင်စီတပ်သည် မီးရှို့ပြီးနောက် စကျင်ရွာ၌ ညအိပ်တပ်စွဲပြီး ယမန်နေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့ဘက်သို့ ယာဥ် ငါးစီး၊ အင်အား ၇၀ ကျော်ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့သ​ည်။

Public Service Announcement
Public Service Announcement

အဆိုပါ ယာဥ်တန်းကို နံနက် ၇နာရီ မိနစ် ၄၀ခန့်က မတ္တရာ – မိုးကုတ်သွားလမ်းရှိ တံတားဖြူတံတားအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

” ကား ငါးစီးလုံး မြို့ထဲဝင်သွားတယ်။ သုံးစီးကတော့ လမ်းပေါ်မှာတင်နေခဲ့ပြီး နှစ်စီးကတော့ တခါတည်း မတ္တရာမြို့ဆေးရုံထဲကို ဝင်တယ်။ လူနာတွေကို ချတယ်။ သူတို့ရောက်တော့အရင်ဆေးရုံထဲမှာရှိတဲ့ လူနာတချိူ့ကို အထဲမှာ တင်ပိတ်ထားလိုက်တော့တာ။အကုန်လုံးက စစ်သားတွေချည်မဟုတ်ဘူး။ ရဲတွေလည်းပါတယ်။ အမျိုးသမီး သုံးယောက်လည်းပါတယ်။” ဟု ဗိုလ်တီက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး၊ အဖွဲ့ – ၅(မတ္တရာအခြေစိုက်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်းတွင် မတ္တရာမြို့နယ် အရှေ့ကင်းရွာတွင်တပ်စွဲထား‌သော စစ်ကောင်စီတပ်များသည် ​အောင်ချမ်းသာ‌ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့အပြင် တောင်ကန်ကျေးရွာဘက်တွင်လည်း ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။