Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

ဒေါင်းက မတ်လ ၃၀ ရက်မှာ အသက် ၃၃ နှစ်ပြည့်တာဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေက လှူဒါန်းပေးခဲ့တာပါ။

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ
ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

အနုပညာရှင် ဒေါင်းရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ အမာခံပရိသတ် Peachicks တွေက မြေပြင်အဖွဲ့အစည်းတွေကို အလှူငွေ သိန်းသုံးဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

ဒေါင်းက မတ်လ ၃၀ ရက်မှာ အသက် ၃၃ နှစ်ပြည့်တာဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေက လှူဒါန်းပေးခဲ့တာပါ။

ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ
ဒေါင်းမွေးနေ့အမှတ်တရ အမာခံပရိတ်သတ်တွေက တော်လှန်ရေးအတွက်လှူ

“ ကျွန်တော့်မွေးနေ့အတွက် ချစ်ခြင်းများစွာ ယုံကြည်ချက်၊ မျှော်လင့်ချက်၊ ရပ်တည်ချက် တွေများစွာ တွေ့မြင်ရတာခွန်းအားဖြစ်ရပါတယ်။ ဒါဟာ ချစ်ခြင်းတစ်ခုထက်ပိုတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ် ။ကျေးဇူးတင်တာထက်ပိုတဲ့စကားလုံးရှိရင် ပြောချင်တယ်။” လို့ ပရိသတ်တွေရဲ့ လှူဒါန်းပေးမှုအပေါ် ဒေါင်းက ကျေးဇူးတင်စကားဆိုပါတယ်။

ဒီနှစ်အတွက် သူ့ရဲ့မွေးနေ့ဆုတောင်းကတော့ “ အာဏာရှင်စနစ်နှင့် မတရားမှုကျူးလွန်သူများ ပျက်သုဉ်းပါစေ” ။ လို့ ပြောပါတယ်။

လှူဒါန်းမှုတွေမှာ ပရိသတ်တစ်ဦးခြင်းစီက ဒေါင်းအတွက် ရည်ရွယ်လှူဒါန်းတာတွေရှိသလို Peachicks အဖွဲ့သားတွေရဲ့စုပေါင်း လှူဒါန်းမှူတွေလည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ MBK Shopping စင်တာက LED မှာလည်း ပရိသတ်တွေက ဒေါင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါသေးတယ်။