Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား (၄၀) မမဖြင့် ပစ်ခတ်တိုက်ခိုက်

မတ်လ ၂၀ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်အား ဥသြစစ်ကြောင်းနှင့် DGRF တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးနေသော စစ်ကောင်စီတပ်သားများနှင့် ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးနေသော စစ်ကောင်စီတပ်သားများနှင့် ရဲများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား (၄၀)မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ယမန်နေ့ (မတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီခွဲခန့်က မောင်မယ်ရှောင်ရွာအနီး အင်အား ၁၀ဦးခန့်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ဥသြစစ်ကြောင်းနှင့် DGRF(ထားဝယ်-ပကဖ)တို့ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကာ ဒဏ်ရာရသူများအား လူနာတင်ယာဥ်တစ်စီးဖြင့် တင်ဆောင်သွားကြောင်း ဥသြစစ်ကြောင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်က ရေး – ထားဝယ်ကားလမ်းအား ခေတ္တပိတ်ဆို့ထားခဲ့ပြီး ယင်းနေ့ညနေ ၆ နာရီခန့်တွင်မှ လမ်းပြန်ဖွင့်ပေးခဲ့သည်ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးစာရင်းအား အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၂၀ ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်အား ဥသြစစ်ကြောင်းနှင့် DGRF တို့မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့သည်။