Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆေးကုသွားရင်းထိုင်းလဝက အဖမ်းခံရတဲ့ PDF သုံးဦးစစ်​ကောင်စီထံဘယ်လို​ရောက်သွားတာလဲ

ထိုင်းလဝက PDF သုံးဦးအား အင်ကြင်းပင်ဘက်သို့သွားလွှတ်သည်ဆို၍ သွား​ရောက်စုံစမ်း​သောအခါ ဧပြီ ၄ ရက်နံနက်အ​စောပိုင်းတွင် ထို​နေရာ၌ စစ်​ကောင်စီလက်​အောက်ခံ BGF တပ်ဖွဲ့က ပစ်ခတ်သံများကြားရ​​ကြောင်းသိရသည်။

(ထိုင်းလဝက ကဖမ်းဆီးပြီး BGF ၊BGF မှ​သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးပြီး စစ်​ကောင်စီထံ ပို့​ဆောင်ခံရ​​သောကိုသီဟ ၊ကိုထက်​နေဝင်း ၊ကို​စောဖြိုး​လေးတို့သုံးဦး။ ဓါတ်ပုံ-online Viral)
(ထိုင်းလဝက ကဖမ်းဆီးပြီး BGF ၊BGF မှ​သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးပြီး စစ်​ကောင်စီထံ ပို့​ဆောင်ခံရ​​သောကိုသီဟ ၊ကိုထက်​နေဝင်း ၊ကို​စောဖြိုး​လေးတို့သုံးဦး။ ဓါတ်ပုံ-online Viral)

ကရင်ပြည်နယ်တွင် စစ်​ကောင်စီတပ်ကိုခုခံတိုက်ခိုက်​နေ​သော Lion Battalion တပ်ဖွဲ့မှ PDFသုံးဦးမဲ​ဆောက်တွင်​ဆေးခန်းသွားပြစဥ် ထိုင်းလူဝင်မှုကြီးကြပ်​ရေးဌာနကဖမ်းဆီးမှုခံရပြီး​နောက် BGF မှတစ်ဆင့် စစ်​ကောင်စီသို့လွှဲ​​ပြောင်းပို့​ဆောင်ခြင်းခံရ​ကြောင်း​တော်လှန်ရးအင်အားစုများက​ပြောသည်။

​ကော်သူ​လေအာမီ (KTLA)လက်​အောက်ရှိ ဗိုလ်အယ်​ဆေးဝါး၏ Lion Battalion မှ ရဲ​ဘော်များဖြစ်​သော ကိုသီဟ ၊ကိုထက်​နေဝင်း ၊ကို​စောဖြိုး​လေးတို့ သုံးဦးသည် မဲ​ဆောက်တွင် ​ဆေးခန်းပြသွားစဥ် လမ်းမှားရာမှ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံခဲ့ရ​ကြောင်းဖြစ်စဥ်ကိုသိ​သော PDFတစ်ဦးက​ပြောသည်။

“သူတို့တတွေက မဲဆောက်မှာ (ကိုသီဟ)ဆေးလာကုတယ်။ ကိုသီဟရယ်၊ ထက်နေဝင်းရယ်၊ စောဖြိုးလေးရယ် သူတိို့က ဆေးခန်းသွားတဲဲ့အချိန်မှာ လမ်းမှားပြီိးတော့ ဘန်ကောက်တက်တဲ့လမ်းပေါ်ရောက်သွားတယ်။ ဂိတ်နဲ့တွေ့ပြီး ထိုင်းလဝက ဖမ်းလိုက်တယ်။ အဲဒီနေ့က ဧပြီ ၁ ရက်နေ့ ညနေ။ အဲဒီနေ့ညမှာ လဝကရုံးကိုသွားပို့လိုက်တယ်။ သူတို့ကို ချုပ်ထားတယ်။”ဟု အထက်ပါ PDF ကရှင်းပြသည်။

ရဲ​​ဘော် ၃ ဦးအဖမ်းခံထားရသဖြင့် တာဝန်ရှိသူများကဧပြီ ၃ ရက်တွင် ထိုင်းလဝက သို့ သွား​ရောက်​ညှိနှိုင်း၍ ပြန်ထုတ်ရန်ကြိုးစားရာ ဧပြီ ၄ ရက်တွင်မှ လာထုတ်ရန် ​ပြော​ကြောင်းသိ့ရသည်။

Public Service Announcement
Public Service Announcement

“သွားထုတ်တဲ့အချိန်မှာထိုင်းစစ်တပ်ကလူတွေကလည်းဝိုင်းထုတ်ပေးတယ်။ ညှိပြီးသွားထုတ်တာ။ အဲဒါနဲ့ ၄ ရက်နေ့ လာထုတ်ဆိုတော့ ဧပြီ ၄ ရက်နေ့ သွားထုတ်တဲ့အချိန်မှာ သူတို့ မရှိတော့ဘူး။ မနက်အစောကြီးကတည်းက သူတို့(ထိုင်းလဝက)က ဟိုဘက် သွားသွန်လိုက်တယ်။ မြန်မာဘက်ခြမ်း လွှတ်လိုက်တယ်ပေါ့။ လွှတ်လိုက်တော့ ဘယ်နားလွှတ်လိုက်လဲ မေးလိုက်တော့ အင်ကြင်းပင်ဘက်ကို သွားလွှတ်လိုက်တယ်ပြောတယ်”ဟု ထိုင်းလဝက၏ လုပ်ရပ်ကို ၎င်းကဆက်​ပြောသည်။

ထိုင်းလဝက PDF သုံးဦးအား အင်ကြင်းပင်ဘက်သို့သွားလွှတ်သည်ဆို၍ သွား​ရောက်စုံစမ်း​သောအခါ ဧပြီ ၄ ရက်နံနက်အ​စောပိုင်းတွင် ထို​နေရာ၌ စစ်​ကောင်စီလက်​အောက်ခံ BGF တပ်ဖွဲ့က ပစ်ခတ်သံများကြားရ​​ကြောင်းသိရသည်။

“မနက် ၈ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်ပေါ့။ သူတို့ ၃ ယောက်ကို ပစ်ပြီးဖမ်းတယ်တဲ့။ စုံစမ်းကြည့်လိုက်တော့ ကိုသီဟတို့ ထက်နေဝင်းတို့ဖြစ်နေတာ။ ကိုသီဟက ရင်ဘက်ထိတယ်။ စောဖြိုးလေးက ခြေထောက်(ပေါင်)ကို ထိတယ်။ သူတို့ကို ခေါင်းစွပ်အမဲတွေစွပ်ပြီး BGF ဗိုလ်မှူးနိုင်မောင်ဇော်က ခေါ်သွားတယ်တဲ့။ သူက ခေါ်သွားပြီး ည ၁၁ နာရီမှာ ဧပြီ ၄ ရက် ည ၁၁ နာရီမှ(စစ်​ကောင်စီတပ်) အပ်လိုက်တယ်တဲ့”ဟုရဲ​ဘော်သုံးဦးဖြစ်စဥ်ကို အ​သေးစိတ်စုံစမ်းသိရှိထား​သော PDF တစ်ဦးက​ပြောသည်။

ရဲ​ဘော်သုံးဦးကို BGF ကပစ်ခတ်သဖြင့်ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာရခဲ့​သော ရဲ​ဘော်မှာကျဆုံးသွားပြီဖြစ်​ကြောင်း ဧပြီ ၅ ရက်ကတည်းက သတင်းကျယ်​ပြန့်စွာထွက်​ပေါ်​နေ​သော်လည်း People’s Spring သတင်းဌာနကသီးခြားအတည်မပြုနိုင်ပါ။ စစ်​ကောင်စီတပ်က ၎င်းတို့ကို ဖမ်းဆီး၍ စစ်​ကြော​ရေးပို့​ဆောင်ထား​ကြောင်းစုံစမ်းသိရသည်။

PDF ၃ ဦးကို ပစ်ခတ်၍ မျက်နှာကို ​ခေါင်းစွပ်အမဲများအုပ်၍ စစ်​ကောင်စီတပ်ထံ ဧပြီ ၄ ရက်ညတွင်ပို့​ဆောင်ရာတွင် ဦး​ဆောင်ခဲ့သည်ဆို​သော BGF ဗိုလ်မှူးနိုင်​မောင်​ဇော်ထံ ဖြစ်စဥ်နှင့် ပတ်သပ်၍ ​မေးမြန်းရန် People’s Spring က ဧပြီ ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ရန် ကြိုးစား​သော်လည်း အဆက်အသွယ်မရ​သေးပါ။

“သူတို့ကို ဟိုဘက်ကမ်း(မြန်မာဘက်ခြမ်း)ပို့လို့မရဘူးဆိုတာ ကျွန်တော်တို့ သွားပြောထားပြီးသား။ အဲဒါကို သူတို့က BGF နဲ့ ဘယ်လိုညှိလိုက်လဲ မသိဘူး။ BGF နဲ့ညှိပြီး လုပ်ကြတာ။ BGF လက်ကို အပ်တာ။ အဓိက ဒီဘက်မဲဆောက်ရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အနေ

အထိုင် နည်းနည်းဆင်ခြင်ရမယ်လို့ ထင်တယ်။ ထိုင်းအစိုးရဘက်ကိုတော့ ဖိအားပေးဖို့ ကျွန်တော်တို့ လုပ်နေကြတယ်ဗျ။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်အောင်ပေါ့”ဟု​​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​လည်းပြောသည်။

ထိုင်းလဝက ကဖမ်းဆီးပြီး BGF ဆီ​ရောက်ကာ ၊BGF က​သေနတ်ဖြင့်ပစ်၍ စစ်တပ်ထံလွှဲ​ပြောင်း​ပေးခံရ​သော ရဲ​ဘော် သုံးဦးတွင် ကိုသီဟ မှာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး ကိုထက်နေဝင်း မှာ ၃၁ နှစ်ဖြစ်ကာ ၊ ကိုစောဖြိုးလေးမှာ ၂၆ နှစ်အရွယ်ဖြစ်ကြသည်။

ယခုဖြစ်ရပ်အ​ပေါ် ပြည်သူများနှင့် ​တော်လှန်​ရေးအင်အားစုများက ထိုင်းအစိုးရ၏လုပ်ရပ်မှာ နိုင်ငံတကာ ဥပ​ဒေလုပ်ထုံးလုပ်နည်းများကို ​ကျော်လွန်​နေ​ကြောင်း​ဝေဖန်ပြစ်တင်​နေကြသလို ၊ စစ်တပ်လက်အပ်ခဲ့​သော BGF နှင့် BGF ဗိုလ်မှူးနိုင်​မောင်​ဇော်တို့ ကိုလည်း အပြင်းအထန်​ဝေဖန်​နေကြသည်။