Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲ – ဖားဆောင်းလမ်းပိုင်းအသုံးပြုခွင့် ပိတ်ပင်ကြောင်း PDF ဒုတိယအကြိမ် သတိပေး ထုတ်ပြန်

ဘောလခဲမြို့နယ်အတွင်း ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို PDFက ယမန်နေ့(ဧပြီ ၉ရက်) ညတွင် ဒုတိယအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

(​ဘောလခဲ - ဖား​ဆောင်း လမ်းပိုင်းတစ်​နေရာအား တွေ့ရစဥ် ။ဓာတ်ပုံ - CJ)
(​ဘောလခဲ - ဖား​ဆောင်း လမ်းပိုင်းတစ်​နေရာအား တွေ့ရစဥ် ။ဓာတ်ပုံ - CJ)

ကရင်နီပြည် ဘောလခဲ – ဖားဆောင်း လမ်းမကြီးများအားအသုံးပြုခွင့် ပိတ်ပင်ထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာမှုအားနည်းနေပြီး ယင်းလမ်းပိုင်းအား အသုံးမပြုကြရန် ဘောလခဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bawlakhe PDF က ဒုတိယအကြိမ် သတိပေးချက်ထုတ်ပြန်သည်။

ဘောလခဲမြို့နယ်အတွင်း ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို PDFက ယမန်နေ့(ဧပြီ ၉ရက်) ညတွင် ဒုတိယအကြိမ် သတိပေးထုတ်ပြန်ခြင်းဖြစ်သည်။

“လက်ရှ်ိဒေသအခြေအနေအရ သတိပေးတာပါ။ ပြည်သူ‌တွေဘက်က လိုက်နာမှုအားနည်းနေလို့ အခက်အခံတချို့ရှိနေတယ်။ဒါက ဒုတိယအကြိမ် ထပ်သတိပေးချက်ပါ”ဟု ဘောလခဲ PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းကို ဘောလခဲPDF တပ်ရင်းအမှတ်-1105 တပ်ရင်းနှင့် ဖားဆောင်းPDF တပ်ရင်းအမှတ်-1108 တပ်ရင်းတို့မှ ဘောလခဲခရိုင်ပူးပေါင်း ဗျူဟာစစ်ကြောင်းအနေဖြင့် စောင့်ကြပ်တာဝန်ယူနေသည်။

သို့သော် ပြည်သူများက လိုက်နာမှုမရှိဘဲ ထိုလမ်းမကြီးများအား ဆက်လက်အသုံးပြုလျက်ရှိကြောင်းတွေ့ရှိ‌နေရသည်ဟု PDF က ထုတ်ပြန်ထားသည်။

ဘောလခဲ – ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးအား လုံခြုံ‌ရေးအခြေအနေအရ ပိတ်ပင်ထားကြောင်းကို ဘောလခဲ PDF က မတ်လ ၂၂ရက်တွင် ပထမအကြိမ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဘောလခဲမြို့နယ်တွင် လတ်တလောတွင် စစ်ကောင်စီတပ် စစ်ကြောင်း ရှိနေသလို အင်အားတိုးမြှင့်မှုများလည်းလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာအနီးတွင် မတ်လ၁၆ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သည်။

မတ်လ ၂၃ ရက်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများရှိရာ နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှ်ိခဲ့ကြောင်း ဘောလခဲ PDF က ထုတ်ပြန်ထားသည်။