Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကောင်စီတ​​ပ်က ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး

ဧပြီ ၇ ရက်က ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာသို့ လေယာဥ်ဖြင့် အင်အားဖြည့်တင်းပြီးနောက် စခန်းနှစ်ခုသိမ်းခဲ့ပြီး ဧပြီ ၈ ရက်မှစတင်ကာ မြိုင်နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)

▪️စိတ်ကျန်းမာရေးမကောင်းသူ စစ်မှုထမ်းဟောင်းတစ်ဦးအား သတ်ဖြတ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ သုံးရွာအား မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူ စစ်မှုထမ်းဟောင်းတစ်ဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှကူးလာသော စစ်ကောင်စီတပ်သည် ဧပြီ ၈ ရက်ညနေပိုင်းက အိုင့်မရွာ၊ ယမန်နေ့ (ဧပြီ ၉ ရက်)တွင် ပခုက္ကူမြို့နယ် ကိုင်းရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ယမန်နေ့က မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ညောင်အုပ်ရွာ နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိုင်းမ(အနောက်)ရွာမှ နေအိမ် ၁၈ လုံး၊ညောင်အုပ်ရွာရှိ နေအိမ် ၂၉ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် တဲကြီးယာကျေးရွာနေ စိတ်ကျန်းမာရေးမကောင်းသူအသက်(၃၇)နှစ်ခန့် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦးကိုလည်း ညောင်အုပ်ကျေးရွာတွင် ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ​နွေဦးတော်လှန်ရေး-မြိုင်အဖွဲ့က ပြောသည်။

“အဲဒီစစ်ကြောင်းက ဘီလူးစစ်ကြောင်းလို့တော့ ပြောနေကြတယ်။ အတိအကျတော့မသိရသေးဘူး။ ပုလဲနယ်ကနေ လေယာဉ်နဲ့ သယ်လာတာ။ မီးရှို့ခံရတဲ့ရွာတွေကိုတော့ အခုမှ နယ်မြေရှင်းလင်းရေးဝင်နေကြတာ။ ပြည်သူတွေ နေရာချမပေးရသေးဘူး။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်အစောပိုင်းတွင် မြိုင်နှင့် ပခုက္ကူအစပ်ရှိ ကင်းရွာသို့ရောက်ရှိသွားကြောင်း သိရသည်။

ဧပြီ ၇ ရက်က ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာသို့ လေယာဥ်ဖြင့် အင်အားဖြည့်တင်းပြီးနောက် စခန်းနှစ်ခုသိမ်းခဲ့ပြီး ဧပြီ ၈ ရက်မှစတင်ကာ မြိုင်နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ဒရုန်းနဲ့နှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သာ ခြောက်ဦး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် အိုင်းမ(အနောက်)ရွာနှင့် ညောင်အုပ်ရွာများအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

စစ်ကောင်စီတပ်က မြိုင်မြို့နယ်အရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ပခုက္ကူ – မြိုင် ကားလမ်းမကြီးကို ယမန်နေ့ (ဧပြီ ၉ ရက်)မှစ၍ ရက်အကန့်အသက်မရှိ ပိတ်ထားကြောင်း ဒေသတွင်း ကာကွယ်ရေးအဖွဲ့အစည်းများက သတိပေးထားသည်။