Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူများတွင် က​လေးငယ် ၁၈ ဦးပါဝင်

ကလေးငယ် ၁၈ဦးတွင် မိန်ကလေး ၇ဦးပါဝင်သည်ဟု မြေပြင်တွင်ကယ်ဆယ်​ရေးလုပ်​ပေးနေသော ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟု ဒေသခံများကပြောသည်။

(စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎​သေဆုံးသူ တစ်ရာဝန်းကျင်ရှိနိုင်ပြီး ၊ကိုယ်ဝန်​ဆောင်မိခင်အချို့ပါဝင်ဟု​ကယ်ဆယ်​ရေးလုပ်နသူများ​ပြော

ကန့်ဘလူနယ်မြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ယနေ့ နံနက်အ​စောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှု​ကြောင့်သေဆုံးသူများတွင် အသက် ၄နှစ်မှ ၁၈နှစ်ကြားက​လေးငယ် ၁၈ ဦးနှင့် ကိုယ်ဝန်သည်မိခင်အချို့လည်း ပါဝင်ကြောင်း မြေပြင်တွင်ကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။

” သေဆုံးတဲ့အထဲ ၁၈နှစ်အောက် ကလေး ၁၈ယောက် ပါတယ်။အဖေနဲ့အတူ လိုက်လာရင်း သေဆုံးတာမျိုး။ မိသားစုဝင်တွေ လာရင်း သေဆုံးတာမျိုးတွေ။ အခုထိ ရုပ်‌အလောင်းတွေ စီ‌တန်းထားရတုန်းပါ” ဟု ဒေသခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

ကလေးငယ် ၁၈ဦးတွင် မိန်ကလေး ၇ဦးပါဝင်သည်ဟု မြေပြင်တွင်ကယ်ဆယ်​ရေးလုပ်​ပေးနေသော ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟု ဒေသခံများကပြောသည်။

သေဆုံးသူအရေအတွက်ကို အတိအကျမသိရသေး​သော်လည်း တစ်ရာဝန်းကျင်အထိ ရှိနိုင်ပြီး ဒဏ်ရာရသူများစွာလည်းရှိ​ကြောင်းသိရသည်။စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားခြင်းဟု ဒေသခံများက ​ပြောသည်။

ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီး၊ Mi-35တစ်စီးဖြင့် ယနေ့(ဧပြီ ၁၁ရက်) နံနက် ၇နာရီ ၄၅ မိနစ်တွင် ရှေ့ဆင့်နောက်ဆင့်ပစ်ခတ်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံချပြီးနောက် ရွာပတ်ချာလည်ကို Mi-35မှ စက်သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။