Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၁၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်အာဏာရှင်စနစ် အမြန်ဆုံးအမြစ်ဖြတ်ရေး ပိုမို အစွမ်းကုန် အားထုတ်လုပ်ဆောင်သွားမယ်လို့ NUG ကတိပြု

စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံးပေါက်ရောက်အောင်မြင်စေရေး ပိုမို အစွမ်းကုန် အားထုတ်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ကတိပြုထုတ်ပြန်ပါတယ်။ ကန့်ဘလူမြိို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ NUG ရဲ့ကြေညာချက်မှာ ထည့်သွင်း ကတိပြုခဲ့ပြီး စစ်ကောင်စီရဲ့ အခုအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးဟာ စက်ဆုတ်ရွံရှာဖွယ် ကောင်းတဲ့ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုများ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည်နိုင်မယ်ဆိုတာ ဒီနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်တယ်လို့ NUG က မှတ်ယူကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ထိခိုက် ဆုံးရှုံးရတဲ့ လူထုဘဝများအချည်းနှီးမဖြစ်စေရေး NUG က ပိုမိုအစွမ်းကုန်အားထုတ်မယ်လို့ ကတိပြုပါတယ်။

▪️ကန့်ဘလူ လေ​ကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူ ၁၀၀ ခန့်ရှိ၊ က​လေးငယ် ၁၈ ဦးပါဝင်

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာ သေဆုံးသူတွေထဲ အသက် ၄ နှစ်မှ ၁၈ နှစ်အကြားက​လေးငယ် ၁၈ ဦးနဲ့ ကိုယ်ဝန်သည်မိခင်အချို့ ပါဝင်တယ်လိို့ မြေပြင်တွင်ကယ်ဆယ်ရေးလုပ်နေသူများက ပြောပါတယ်။ ကလေးငယ် ၁၈ ဦးမှာ မိန်ကလေး ၇ ဦးပါဝင်တယ်လို့ မြေပြင်ကယ်ဆယ်​ရေးလုပ်​ပေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ သေဆုံးသူအရေအတွက်ကို အတိအကျမသိရသေး​ပေမယ့် ၁၀၀ ဝန်းကျင်အထိ ရှိနိုင်ပြီး ဒဏ်ရာရသူများစွာလည်းရှိ​တယ်လို့ ဆိုပါတယ်။ ပဇီကြီးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးချပြီးနောက် ရွာပတ်ချာလည်ကို Mi-35 ရဟတ်ယာဥ် စက်သေနတ်နဲ့ လှည့်ပတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

▪️စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ရပ်ကို တော်လှန်ရေးအင်အားစုတွေအပေါ် လွှဲချလေ့ရှိတာ သတိထားဖို့ NUG ခေါင်းဆောင်များသတိ​ပေး

အကြမ်းဖက်စစ်တပ်ဟာ အခုလိုအခါကြီး ရက်ကြီးအချိန်မျိုးမှာ အကြမ်းဖက်လုပ်ရပ်များ အချိန်ကိုက် ကျူးလွန်လုပ်ဆောင်နိုင်ပြီး တောင်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်များ ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ခေါင်းဆောင်တွေက စစ်ကောင်စီအနေနဲ့ လူစည်ကားရာ နေရာများ၊ ပွဲတော်များမှာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိတာကို ပြည်သူများ များစွာသတိထားဖို့ သတိိပေးပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာဖို့ ပြောပါတယ်။

▪️စစ်ကောင်စီကို လက်တွေ့ကျစွာ အရေးယူဖို့ နိုင်ငံတကာကို CNDF တောင်းဆို

အကြမ်းဖက်စစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် ရက်စက်ယုတ်မာစွာ တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲမှုနဲ့ နေအိမ်များ မီးရှို့မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဖောက်ထွန်းလုယက်ခိုယူမှု စတာတွေကို ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာအနေနဲဲ့ လက်တွေ့ကျကျ အရေးယူပေးဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က တောင်းဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ရေးနဲ့ မသက်ဆိုင်ဘဲ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူ ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ နေအိမ် ငါးလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နယ် ရမ်ထလိုရွာကိုလည်း မနေ့က ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က အခုလို အာဏာသိမ်းစစ်ကောင်စီရဲ့ပြုကျင့်မှုဟာ ၎င်းတို့အနေနဲ့ တိုင်းရင်းသားလူနည်းစုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ဖို့ ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ်သာဖြစ်လို့ ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ပါတယ်။

(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

▪️မန္တလေး PDF နဲ့ စစ်ကောင်စီတပ် ၇ ရက်ဆက် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ စစ်ကောင်စီတပ်တို့အကြား ဧပြီ ၅ ရက်မှစတင်ကာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားတယ်လို့ မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။ မန္တလေး PDF ဟာ သပြေညို အမည်ရှိ စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ပြီး အခု တိုက်ပွဲများဟာ အဲဒီစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများ တောက်လျှောက် အသုံးပြု ပစ်ခတ်တိုက်ခိုက်နေပြီး လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုများလည်းရှိတယ်လို့ သိရပါတယ်။

(NUG လက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF)
(NUG လက်​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)မှတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-MPDF)

▪️ကရင်နီပြည်မှာ သေဆုံးမှုများနေတဲ့ စစ်ကောင်စီတပ် ထပ်မံအင်အားဖြည့်တင်းနေ

ကရင်နီပြည်နယ် စစ်ဆင်ရေးမှာ သေဆုံးမှုများနေတဲ့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေတယ်လိို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အားဖြည့်တင်းမှုများကြောင့် ဒီးမော့ဆိုနဲ့ ဘောလခဲမြို့မှာ အခုရက်ပိုင်းအတွင်း ထိတွေ့မှု မရှိသေးပေမယ့် ရှမ်း-ကရင်နီဒေသ အစပ်မှာ နေ့စဥ်ထိတွေ့မှု ဖြစ်နေတယ်လိို့ ဆိုပါတယ်။ လက်ရှိ တိုက်ပွဲများမှာ ဖယ်ခုံ-ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာအနီးမှာ နေ့စဥ်နီးပါးဖြစ်ပွားနေတယ်လို့ အလယ်ပိုင်းတိုင်းအမှတ် (၁၁၀၂)တပ်ရင်း တာဝန်ရှိသူက အသိပေးပါတယ်။ ဒီးမော့ဆို၊ ဖရူဆိုနဲ့ဘောလခဲမြို့နယ်တို့မှာ တိုက်ပွဲများ ခေတ္တငြိမ်သက်နေပေမယ့် စစ်ကောင်စီက ရဟတ်ယာဥ်များနဲ့ ရိက္ခာပို့ဆောင်နေတယ်လိို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ဆိုပါတယ်။

(အင်အားတိုးချဲ့နေသည့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(အင်အားတိုးချဲ့နေသည့် ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းကို တွေ့ရစဥ်။ဓာတ်ပုံ – CJ)

▪️ခင်ဦးသို့လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၇ ဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ ရေဦးမှ ခင်ဦးမြို့နယ်ဘက်သို့ ကူးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးတယ်လို့ Khin U Special Force Organization-KSO အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီနေ့ မနက်ပိိုင်းက ရေဦးမြို့ အောင်ဆန်း (အ.မ.က) ကျောင်းမှ စစ်ကောင်စီိတပ်သား ၆၀ ကျော်ဟာ မူးမြစ်ကူးတံတားအရှေ့ဘက်ရှိ ခင်ဦးမြို့နယ် အင်းပတ်ကွေ့အထိုင်ချ စစ်အုပ်စုနဲ့ပေါင်းကာ အင်းပတ်ကွေ့ဈေးတန်းတောင်ဘက်သို့ ခြေလျင်စစ်ကြောင်း ထိုးခဲ့တာလို့ သိရပါတယ်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSO အဖွဲ့ဝင်ရဲဘော်များ။ ဓာတ်ပုံ-KSO
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSO အဖွဲ့ဝင်ရဲဘော်များ။ ဓာတ်ပုံ-KSO