Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးတုန်း သတ်ဖြတ်မှုများကို ထိရောက်စွာတားဆီးပေးရန် ကမ္ဘာ့နိုင်ငံများအား NLDတိုက်တွန်း

ယနေ့ (ဧပြီ ၁၁ရက်)နံနက်တွင် ပဇီကြီးရွာ၌ လူအများ စုဝေးနေချိန် စစ်ကောင်စီက တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့သည်။

​(စစ်ကောင်စီက ကန့်ဘလူနယ်နှင့် ချင်းပြည်နယ် ဝေဘူလမြို့တို့အား လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
​(စစ်ကောင်စီက ကန့်ဘလူနယ်နှင့် ချင်းပြည်နယ် ဝေဘူလမြို့တို့အား လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ ယင်းသို့ အရှက်တရားကင်းမဲ့စွာ ကျူးလွန်ပြနေမှုအား ထိရောက်သော တားဆီးမှုများ ပြုလုပ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ကမ္ဘာ့နိုင်ငံအသီးသီးအား တိုက်တွန်းလိုက်သည်။

​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

ယနေ့ (ဧပြီ ၁၁ရက်)နံနက်တွင် ပဇီကြီးရွာ၌ လူအများ စုဝေးနေချိန် စစ်ကောင်စီက တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မိစ္ဆာတပ်များသည် မြန်မာပြည်တစ်ဝန်းလုံး၌ အပြစ်မဲ့ ပြည်သူ များကို အကြောင်းမဲ့ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်တဝန်း၌ စစ်မိစ္ဆာများ၏ လူမျိုးတုန်း သတ်ဖြတ်မှုများအားလုံးအပေါ် NLD အနေဖြင့် ဝမ်းနည်းရကြောင်း နှင့် စစ်ကောင်စီအား ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။