Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းဘက်ကိုခိုလှုံလာသူ ၈၉ ဦးကို နေရပ်ပြန်ပို့

မြန်မာဘက်ခြမ်းကိုပြန်ပို့လိုက်သူတွေဟာ တက်ခ်ခရိုင်၊မဲဆောက်ဒေသက ယာယီဒုက္ခသည်ခိုလှုံရေးစခန်းတွေကဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောကြားတယ်လို့Thai PBS က ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုခိုလှုံကြရစဉ်။ ဓာတ်ပုံ − Mae Sot Media
တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကိုခိုလှုံကြရစဉ်။ ဓာတ်ပုံ − Mae Sot Media

တိုက်ပွဲတွေကြောင့်ထွက်ပြေးခိုလှုံလာသူ ၈၉ ဦးကို မြန်မာဘက်ကို ထိုင်းစစ်တပ်က ပြန်ပို့လိုက်တယ်လို့ ထိုင်းမီဒီယာတွေဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းကိုပြန်ပို့လိုက်သူတွေဟာ တက်ခ်ခရိုင်၊မဲဆောက်ဒေသက ယာယီဒုက္ခသည်ခိုလှုံရေးစခန်းတွေကဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဒီနေ့မှာ ပြောကြားတယ်လို့Thai PBS က ဖော်ပြပါတယ်။

ဒါအပြင် ထိုင်း − မြန်မာ နယ်စပ်အနီး တက်ခ်ခရိုင်ထဲမှာ ဖွင့်လှစ်ထားတဲ့ ယာယီဒုက္ခသည်စခန်း ၁၅ ခုကို ထိုင်းစစ်တပ်က လုံခြုံရေးယူပေးနေတာကို ရပ်ဆိုင်းလိုက်ပြီး အဲဒီဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းတော့မယ်လို့လည်း ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဒီလိုပိတ်သိမ်းတော့မယ့် ယာယီဒုက္ခစခန်းတွေမှာ မြန်မာဘက်က ခိုလှုံလာသူ ၁၂,၀၀၀ ခန့်ရှိနေပြီးအများစုဟာ တိုက်ပွဲတွေပြန်ငြိမ်သွားချိန်မှာ နေရပ်ပြန်သွားကြတယ်လို့ သိရပါတယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာဘက်ကနေ ခိုလှုံခွင့်တောင်းလာသူတွေကို လုံခြုံမှုမရှိတဲ့အခြေအနေမှာ နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို မနေ့က ဧပြီလ ၁၂ရက်မှာတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထိုင်း − မြန်မာ နယ်စပ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြို့ အနီးမှာတိုက်ပွဲတွေဖြစ်ပွားတာကြောင့်ဒေသခံတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ထဲကိုခိုလှုံခဲ့ကြရပါတယ်။