Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံဥက္ကဋ္ဌ ပြင်းထန်စွာရှုတ်ချ

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်ချမ်းရေးအတွက် အဖြေရှာဖို့ အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အခြေအနေကောင်းတွေ ဖန်တီးလုပ်ဆောင်ရေးက တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဖော်ပြပါတယ်။

(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)
(အင်ဒိုနီးရှားနိုင်ငံခြား​ရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်​သောရိထ်နိုမာဆူဒီ။ဓါတ်ပုံ-ရိုက်တာ)

အရပ်သားတွေ သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲဲ့လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီရှားက ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

ကလေးငယ်တွေ၊ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံမှုအပြီး ၂ ရက်အကြာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှားက အာဆီယံအနေနဲ့ မကြာသေးမီက မြန်မာနိုင်ငံမှ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်လာတာပါ။

“အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရပါမယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် အင်အားအသုံးပြုနေတာတွေကိုပါ” လို့ ဒီနေ့ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီကြေညာချက်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောတူညီချက်ဖြစ်တယ်ဆိုတာကိုတော့ ညွှန်းဆိုမထားပါဘူး။

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ငြိမ်ချမ်းရေးအတွက် အဖြေရှာဖို့ အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အခြေအနေကောင်းတွေ ဖန်တီးလုပ်ဆောင်ရေးက တစ်ခုတည်းသောနည်းလမ်းဖြစ်လိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဖော်ပြပါတယ်။

ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီးနိုင်ငံတွေက မြန််မြန်ဆန်ဆန် ပြစ်တင်ရှုတ်ချမှုတွေ လုပ်ဆောင်ပါတယ်။

ကိုးကား – TRT World