Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးသို့လာသည့် ယာဉ်တန်းလုံခြုံရေးသံချပ်ကာယာဉ်နှစ်စီး ဖျက်ဆီးပြီး၊ တစ်စီးမီးလောင်ဟု CNA ပြော

ချင်းပူးပေါင်းတပ်နှင့် နီးစပ်မှုရှိသည့် The Chin Journalက ယနေ့ ညပိုင်း၌ ဖော်ပြသည့် သတင်းတွင် CNA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် နှစ်စီးလုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု မီးလောင်ပျက်စီးနေသည့် သံချက်ကာယာဉ်၏ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

(စစ်ကောင်စီတပ်၏ သံချက်ကာကား ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရ စဥ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ်၏ သံချက်ကာကား ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရ စဥ်။ ဓာတ်ပုံ - The Chin Journal)

▪️စစ်တပ်ရိက္ခာယာဉ်တန်းတစ်ခုလုံးဖျက်ဆီးရန်ဦးတည်သည့် “ဇိန်မှုစစ်ဆင်ရေး”မှာ ဇိန်မှုတောင်ခြေ၌ပင် ယနေ့ အောင်မြင်စွာပြီးဆုံးဟု အသိပေး

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့ စစ်ဗျူဟာသို့ လက်နက်ခဲယမ်းရိက္ခာလာပို့သည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ် နှစ်စီးပါ ထောက်ပို့ယာဉ်တန်းကို ယနေ့ ယာဉ်အားလုံးဖျက်ဆီးနိုင်ခဲ့ပြီး သံချပ်ကာ ယာဉ် နှစ်စီးလုံးပါ ပျက်စီးသွားကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ယနေ့ ညပိုင်း၌ အတည်ပြုပြောကြားသည်။

ချင်းပူးပေါင်းတပ်နှင့် နီးစပ်မှုရှိသည့် The Chin Journalက ယနေ့ ညပိုင်း၌ ဖော်ပြသည့် သတင်းတွင် CNA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ သံချပ်ကာ ယာဉ် နှစ်စီးလုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု မီးလောင်ပျက်စီးနေသည့် သံချက်ကာယာဉ်၏ ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

“ပထမ တစ်စီးတော့ ပျက်တယ်။ လုံး၀ မောင်းလို့မရတဲ့အနေအထားပေါ့။ ဒီနေ့တစ်စီးကတော့ ဒရုန်းနဲ့ ချတော့ မီးလောင်သွားတာပေါ့။ မနေ့က တစ်စီး ဒီနေ့တစ်စီးပေါ့။ သူတို့ တင့်ကား နှစ် စီးလုံးက ဘာမှ သုံးလို့မရတော့ဘူးပေါ့။ တစ်စီးက လုံးလုံးမီးလောင်သွားတာပေါ့။ တစ်စီးက မီးမလောင်ဘူး ဘီးတွေဘာတွေ စက်တွေ အကုန်လုံးချို့ယွင်းသွားသွားတာပေါ့။”ဟု ဆလိုင်းထက်နီက People’s Spring သို့ အတည်ပြုသည်။

ချင်းအမျိုးသားတပ်မတော်နှင့် ချင်းဒေသကာကွယ်ရေးတပ်များ၏ အဓိက ဦးတည်ချက်မှာ ဟားခါးစစ်ဗျူဟာသို့လာသည့် ယာဉ် ၃၀ခန့်ပါ ထောက်ပို့ယာဉ်တန်း တိုက်ခိုက်တားဆီးရန်ဖြစ်ပြီး ယနေ့တွင် အဆိုပါ စစ်ဆင်ရေး အောင်မြင်စွာဆောင်ရွက်နိုင်ကာ မြေပြင်တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျနော်တို့က အစကတည်းကကိုက ဒီယာဉ်တန်းကြီးကို ဦးတည်တာ။ ဘာလို့ဆိုတော့ အဲဒီမှာ လက်နက်ကြီးတွေလည်း ပါလာနိုင်တယ်။ ကျည်ဆန်လည်းပါလာနိုင်တယ်ပေါ့။ အဲဒါ ကျနော်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဖြုတ်တာထက် သူတို့ပါလာတဲ့ လက်နက်ရိက္ခာနဲ့ အသုံးအဆောင် အဲဒါတွေကို အဓိကပစ်မှတ်ထားပြီး စစ်ဆင်ရေးလုပ်ချင်တာပေါ့ ဒီတစ်ခါက။ ဟားခါးမရောက်ခင် အပြီးဖြုတ်နိုင်ဖို့ဆိုတာ ကျနော်တို့ရဲ့ အဓိက ဦးတည်ချက်။ ဒီနေ့က နောက်ဆုံးပြီးမြောက်နိုင်ခဲ့တာပေါ့။ ”ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ခိုက်ခံရပြီးပျက်စီး​ကာရပ်နေ​​သော သံချပ်ကာကားတစ်စီး။
တိုက်ခိုက်ခံရပြီးပျက်စီး​ကာရပ်နေ​​သော သံချပ်ကာကားတစ်စီး။

အဆိုပါ စစ်ဆင်ရေး၏ အမည်ကိုလည်း ဟားခါးနှင့် ဖလမ်းကြားရှိ ဇိန်မှုတောင်၏ အမည်ကို ယူကာ ဇိန်မှုစစ်ဆင်ရေးဟု ပေးခဲ့သည်ဟုဆိုသည်။

“ဇိန်မှု စစ်ဆင်ရေးပေါ့။ အခု စစ်ကားတွေဘာတွေ အားလုံးသိမ်းတဲ့နေရာကတော့ ဇိန်မှုတောင်အောက်က ရွာတစ်ရွာမှာပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်က စစ်ယာဉ်တန်းကို စစ်ကူပေးရန် ဟားခါးမှ စစ်ကြောင်းများလာရောက်သော်လည်း ယင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သူတို့ ဟားခါးကနေလာတဲ့ဟာ ချိတ်ဆက်သွားတာမရှိဘူး။ ဒီနေ့လည်း တိုက်ပွဲကဖြစ်နေတယ် တစ်နေကုန်တော့ ။ မြေပြင်တိုက်ပွဲဖြစ်သွားပြီပေါ့။ အဲဒီကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟားခါးက စစ်ကူသွားတဲ့ဟာတွေ သူတို့ အချိတ်အဆက်လုံး၀မမိနိုင်အောင် ကျနော်တို့ ကြားကနေ ဖြတ်တိုက်တာပေါ့။အဲဒါ ဆွဲမိုင်းတွေနဲ အဲဒီလိုတွေနဲ့ တိုက်တော့ ဒီနေ့လည်း သူတို့ဘက်က အကျအဆုံးတွေရှိနေတယ်။ ဒါပေမဲ့ အတိအကျမသိဘူး။ အဲဒီအနေအထားပါ” ဟု ဆလိုင်းထက်နီက ပြောပြသည်။

(စစ်ကောင်စီတပ်၏ သံချက်ကာကား ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရ စဥ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ်၏ သံချက်ကာကား ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရ စဥ်။ ဓာတ်ပုံ – The Chin Journal)

ကလေး- ဟားခါးလမ်းသည် ပုံမှန်အခြေအနေတွင် ကားဖြင့်သွားပါက တစ်ရက်သာ ကြာမြင့်သော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းသည် တစ်လကျော်ကြာသည်အထိ ဟားခါးမြို့ကို မရောက်နိုင်ဘဲ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအချိန်ထိလည်း စစ်ယာဉ်တန်းမှ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

(စစ်ကောင်စီတပ်၏ သံချက်ကာကား ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)