Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့ပေါ် အခွန်ကောက်ခြင်းမပြုရန် ဟားခါး ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ကြေညာ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရား အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ စား၊ ဝတ်၊ နေရေး အပြင် ဒုက္ခမျိုးစုံခံစားနေရ၍ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(ဟားခါးမြို့အား အပေါ်စီးတစ်နေရာမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ဟားခါးမြို့အား အပေါ်စီးတစ်နေရာမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် အခွန်ကောက်ခြင်း၊ အခွန်ဆောင်ခြင်းနှင့် ကုန်စျေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းများ မပြုလုပ်ရန် အသိပေး ကြေညာလိုက်ကြောင်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက ယမန်နေ့တွင် အသိပေးထုတ်ပြန်သည်။

အသိပေးချက်အား မလိုက်နာပါက ဥပဒေအတိုင်း အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ကောင်စီတပ်သည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရား အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ စား၊ ဝတ်၊ နေရေး အပြင် ဒုက္ခမျိုးစုံခံစားနေရ၍ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဟားခါးမြို့၌ စစ်ကောင်စီက လျှပ်စစ်မီတာခ ကောက်ခံရန် စီစဉ်မှုကိုလည်း ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက တားမြစ်ထားပြီး မီတာခ လုံး၀ ပေးသွင်းခြင်းမပြုရန်၊ စစ်ကောင်စီ ဝန်ကြီးချုပ် အပါအဝင် ဌာနဆိုင်ရာ နှင့် လျှပ်စစ်ဝန်ထမ်းများက မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုထံလာရောက်နှောက်ယှက်ခြင်း ပြုလုပမှုများ တွေ့ရပါက လိုအပ်သလို အရေးယူသွားမည်ဟု မတ်လ ၂၇ ရက်က ကြေညာထားသည်။