Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်အထိနာသည့် ဖလမ်း-ဟားခါးလမ်းတိုက်ပွဲအတွင်း သံချပ်ကာယာဉ်နှင့် ထောက်ပို့ယာဉ်များပျက်စီးခဲသည့် မြင်ကွင်းများ ဖော်ပြ

ဟားခါးမြို့ အနီးချွန်ကျုံးရွာအရောက်တွင် ယာဉ်တန်းပါ သံချပ်ကာယာဉ် ၂စီးအပါအဝင် ယာဉ်အားလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

(ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့သော သံချပ်ကာယာဉ် ၂စီးနှင့် ထောက်ပို့ယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းများ ။ဓာတ်ပုံ - The Chin Journal)
(ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့သော သံချပ်ကာယာဉ် ၂စီးနှင့် ထောက်ပို့ယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းများ ။ဓာတ်ပုံ - The Chin Journal)

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်များပြားခဲ့ပြီး ထောက်ပို့ယာဉ်တန်း တစ်ခုလုံးပျက်စီးခဲ့ရသည့် ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့သော သံချပ်ကာယာဉ် ၂စီးနှင့် ထောက်ပို့ယာဉ်များ၏ ဓာတ်ပုံမှတ်တမ်းများကို The Chin Journalက ဖော်ပြခဲ့သည်။

မတ်လ ၇ရက်တွင် စစ်ကိုင်းမှ ဟားခါးမြို့သို့ သံချပ်ကာတင်ယာဉ် ၂စီးအပါအဝင် ယာဉ်အစီးရေ ၃၀ခန့်ပါ စစ်ကောင်စီထောက်ပို့ ယာဉ်တန်းသည် လမ်းတလျှောက်တွင် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး ဟားခါးမြို့နယ်အရောက်တွင် ယာဉ်တန်းပါ ယာဉ်များ အားလုံး ပျက်စီးခဲ့ရသည်။

ဟားခါးမြို့ အနီးချွန်ကျုံးရွာအရောက်တွင် ယာဉ်တန်းပါ သံချပ်ကာယာဉ် ၂စီးအပါအဝင် ယာဉ်အားလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ကလေး-ဟားခါးလမ်းသည် ပုံမှန်အခြေအနေတွင် ကားနှင့်သွားမည်ဆိုပါက တစ်ရက်ခန့်သာ ကြာသော်လည်း ချင်းပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်းသည်တစ်လကျော်ကြာသည်အထိ ဟားခါးစစ်ဗျူဟာသို့ မရောက်နိုင်ဘဲ ဧပြီ ၁၃ရက်တွင် ယာဉ်တန်းပါ ယာဉ်များ အားလုံး ပျက်စီးခဲ့ရသည်။

Public Service Announcement
Public Service Announcement

“အဲဒီမှာ ကလေးမြို့ကနေ ထွက်လာကတည်းက တိုက်ပွဲက စနေပြီပေါ့။ အဲဒီမှာ ကလေးက အထွက်ဆိုရင် အဲဒီ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ CDM SIYIN ဒေသကာကွယ်ရေးတပ်ဖွဲ့က စတိုက်တာပေါ့။ အဲဒီ တလျှောက်လုံးနယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းတိုက်တယ်။ အဲဒီလိုနဲ့ တလျှောက်လုံးတိုက်ခဲ့တာဖြစ်တယ်။ အဲဒီမှာ အကျအဆုံးက အင်အား ၂၀၀ လောက်ခန့်မှန်းတဲ့အထဲမှာ နောက်ဆုံးရောက်တဲ့နေရာမှာ အင်အားက ၄၀ လောက်ပဲ ခန့်မှန်းတယ်။ အဲဒီမှာ အကျအဆုံးပဲ မဟုတ်ဘဲ ဒဏ်ရာရတဲ့ သူတွေလည်းပါတယ်။ ပြီးတော့ နေထိုင်မကောင်းတဲ့ သူတွေလည်းပါတယ်။ ကျနော်တို့ဘက်ကို ကားသမားတချို့ထွက်ပြေးတိမ်းရှောင်လာတာရှိတယ် သူတို့ဆီကနေ အဲဒီလို သိရတာ။ ပြီးတော့ တိုက်ပွဲ အခြေအနေ ကြည့်ပြီးတော့မှပေါ့။ အကျအဆုံးကတော့ ပိုများတာပေါ့။ အကျအဆုံးကတော့ ၂၀၀ ထဲက တစ်ဝက်ကျော်ကျော်ကျတယ်လို့ ပြောလို့ရပါတယ်”ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CNA အပါအဝင် ချင်းတပ်ဖွဲ့ (၇)ဖွဲ့က လမ်းခရီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၃၀ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဆလိုင်းထက်နီက ပြောကြားခဲ့သည်။ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၈ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

“အဓိကတော့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေအားလုံးရယ် ပြီးတော့ နယ်မြေခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြီးတော့ ဒီတခါတော့ ဒရုန်းနည်းပညာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပေါ့။ ဒရုန်း Team တွေကိုလည်း ချီးကျူးပါတယ်။ သူတို့ရဲ့ ကြိုးစားမှု သူတို့ကို နည်းပညာပေးတဲ့ သင်တန်းဆရာတွေကအစ ပေါ့နော် ပြီးတော့ အဲဒါတွေဖြစ်လာဖို့ ငွေကြေးအားဖြင့် ပံ့ပိုးနေတဲ့ ပြည်ပရောက်ချင်းပြည်သူတွေ ပြီးတော့ နည်းပညာပိုင်းအရ ပံ့ပိုးတဲ့ အဖွဲ့အစည်းအားလုံးကိုတော့ အထူးသဖြင့် ကျေးဇူးတင်ချင်တယ်”ဟု ဆလိုင်းထက်နီက ပြောကြားသည်။