Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ပဇီကြီးရွာကို စစ်​ကောင်စီတပ်က​လေ​ကြောင်းမှထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဒီနေ့ နေ့ခင်းက ဂျက်ဖိုက်တာယာဥ်နဲ့ ဗုံးနှစ်လုံးကြဲချပြီး သေနတ်နဲ့လည်းရွာကို ပတ်၍ပစ်ခတ်​သွားတယ်လို့ ​ဒေသခံများကပြောပါတယ်။ အရပ်သားထိခိုက်မှုရှိ၊မရှိ မသိရသေးပေမယ့် ပဇီကြီးရွာဘက်မှ မီးခိုးများထွက်နေပြီး နေအိမ်များ မီးလောင်နေ​တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့ကတည်းက ပဇီကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းက စစ်ဘေးရှောင် သက်ကြီးရွယ်အို နှစ်ဦးကို သတ်ဖြတ်သွားတယ်လိို့ ဒေသခံများက ပြောပါတယ်။ ပဇီကြီးရွာကို စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲ မွှေနှောက်နေပြီး ပဇီကြီးရွာအပါအဝင် ကျေးရွာ ခုနစ်ရွာမှ စစ်ဘေးရှောင်အရပ်သားများ ထပ်မံထွက်ပြေးနေရတယ်လို့ သိရပါတယ်။

(စစ်​ကောင်စီတပ်က ​​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK-130 ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီတပ်က ​​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK-130 ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️ဖလမ်း-ဟားခါးလမ်းတိုက်ပွဲအတွင်း သံချပ်ကာယာဉ်နဲ့ ထောက်ပို့ယာဉ်များပျက်စီးခဲ့တဲ့ မြင်ကွင်းများ ဖော်ပြ

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် အများအပြားသေဆုံးထိခိုက်များပြားခဲ့ပြီး ထောက်ပို့ယာဉ်တန်း တစ်ခုလုံးပျက်စီးခဲ့ရတဲ့ ဖလမ်း-ဟားခါးလမ်း တိုက်ပွဲအတွင်း ပျက်စီးခဲ့တဲဲ့ သံချပ်ကာယာဉ် နှစ်စီးနဲ့ ထောက်ပို့ယာဉ်များရဲ့ ဓာတ်ပုံမှတ်တမ်းများကို The Chin Journalက ဖော်ပြခဲ့ပါတယ်။ မတ်လ ၇ ရက်မှာ စစ်ကိုင်းမှ ဟားခါးမြို့သို့ သံချပ်ကာတင်ယာဉ် နှစ်စီးအပါအဝင် ယာဉ်အစီးရေ ၃၀ ခန့်ပါ စစ်ကောင်စီထောက်ပို့ ယာဉ်တန်းဟာ လမ်းတလျှောက်မှာ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်များရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး ဟားခါးမြို့နယ်အရောက်တွင် ယာဉ်တန်းပါ ယာဉ်များ အားလုံး ပျက်စီးခဲ့ရပါတယ်။ ကလေး-ဟားခါးလမ်းဟာ ပုံမှန်အခြေအနေမှာ ကားနဲ့ တစ်ရက်ခန့်သာ ကြာပေမယ့် ချင်းပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်းဟာ တစ်လကျော်ကြာသည်အထိ ဟားခါးစစ်ဗျူဟာသို့ မရောက်နိုင်ဖြစ်နေတာပါ။

▪️ဒီးမော့ဆိုနဲ့ ဘောလခဲကြားတိုက်ပွဲ စစ်ကောင်စီတပ် ရှစ်ဦးသေ၊ တစ်ဦးအရှင်ဖမ်းမိ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နဲ့ ဘောလခဲကြားမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဗဟို သတင်းပြန်ကြားရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီတပ် ခလရ(၈၀)နဲ့ ကရင်နီ ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ကရင်နီတပ်မတော် (KA)နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၂၁)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ လက်နက်ငယ် ၆ လက်နဲ့ ကျည်အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KnIC)
(စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသော တပ်သားနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – KnIC)

▪️ဟားခါးမြို့ပေါ် အခွန်ကောက်ခြင်းမပြုဖို့ ဟားခါး ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ကြေညာ

တော်လှန်ရေးကာလအတွင်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ အခွန်ကောက်ခြင်း၊ အခွန်ဆောင်ခြင်းနဲဲ့ ကုန်စျေးနှုန်းများ အဆမတန်တိုးမြှင့်ခြင်းများ မပြုလုပ်ဖို့ ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီက အသိပေး ကြေညာလိုက်ပါတယ်။ မနေ့က ထုတ်ပြန်တဲ့ အသိပေးချက်ကို မလိုက်နာပါက ဥပဒေအတိုင်း အရေးယူမယ်လို့လည်း ဖော်ပြပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ၎င်းရဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မတရား အာဏာသိမ်းခဲ့တဲ့အတွက် ပြည်သူများ စား၊ ဝတ်၊ နေရေး အပြင် ဒုက္ခမျိုးစုံခံစားနေရလို့ ယခုကဲ့သို့ ကြေညာလိုက်တာလို့ အသိပေးထားပါတယ်။

▪️တန့်ဆည်နယ် စစ်‌ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ‌ခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် PDF တပ်ရင်းနဲ့ Local PDF များပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း (၁၀) PDF-Taze က ပြောပါတယ်။ မနေ့ ညနေပိုင်းက တဆယ်ကျဲရွာသို့ အင်အား ၁၂၀ ခန့်နဲ့ရောက်ရှိလာတဲ့ စစ်ကောင်စီ ခမရ(၃၆၈)မှ စစ်‌ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ‌ခြောက်ဦးဒဏ်ရာရရှိကာ သေဆုံးသူများကို တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးမှာ သဂြိုလ်သွားတာလို့ PDF-Taze မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

▪️မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းနှစ်ခုကို တပြိုင်နက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို အဖွဲ့နှစ်ဖွဲ့ခွဲကာ တပြိုင်နက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ်(၂၇) Black Dragon Force ရဲ့ တပ်ရင်းမှူး K.M.S.Gက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်ထောင့် ဘန်ကာအတွင်း ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား လေးဦးကို အဖွဲ့ (၁)ရဲဘော်များက ကားနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ အလားတူ အဖွဲ့(၂)ရဲဘော်များကလည်း စစ်ကောင်စီတပ်စွဲရာ မုံရွာစီးပွားရေးတက္ကသိုလ်ဝင်းအတွင်းသို့ (၄၀) မမ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးဘူးလို့ တပ်ရင်းမှူးက ပြောပါတယ်။

(မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအား အာဏာသိမ်းကာလအစောပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများအား အာဏာသိမ်းကာလအစောပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

▪️ဂျပန်ကုမ္ပဏီ ENEOS ကို လူ့အခွင့်ရေးနဲ့ သဘာဝပတ်ဝန်းထိခိုက်မှုများအတွက် လုပ်ဆောင်ပေးဖို့ JFM တောင်းဆို

မြန်မာနိုင်ငံမှ ဂျပန်ကုမ္ပဏီ ENEOSထွက်ခွာမှုမှာ လူ့အခွင့်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြေရှင်းမယ့် လုပ်ငန်းစဉ်ကိုထုတ်ပြန်ပေးဖို့ ဂျပန်အစိုးရနဲ့ Mitsubishi ကော်ပိုရေးရှင်းတို့ကို Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ENEOSနှုတ်ထွက်မှုကို စစ်ကောင်စီက ဧပြီ ၁၂ ရက် အတည်ပြုပေးခဲ့ပြီလို့ ကုမ္ပဏီက ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ သတင်းအချက်အလက်အနည်းငယ်သာပါရှိပြီး စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ လမ်းညွှန်အခြေခံမူများ၊ OECD လမ်းညွှန်ချက်များအရ စီးပွားရေးလုပ်ငန်းမှ တာဝန်ယူမှုရှိစွာ နှုတ်ထွက်ရေးအတွက် ကုမ္ပဏီက လိုက်နာရမယ့် တာဝန်ဝတ္တရားများကို ဖော်ပြထားမှုမရှိဘူးလို့ JFMက ထောက်ပြထားပါတယ်။