Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊သိမ်ကုန်းတာဝါတိုင်၌ သင်္ကြန်အကြိုနေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့နေ့လယ်တွင် ပဲခူးရိုးမအစပ်ရှိ ကိုင်းကွင်းရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ပြည်ခရိုင် PDF တပ်ရင်း (၂၆၀၂)၊ TPDF တပ်ခွဲ (၄)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)
(ပြည်ခရိုင် PDF တပ်ရင်း (၂၆၀၂)၊ TPDF တပ်ခွဲ (၄)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အရှေ့ဘက် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၃၆၀၂)၊ TPDF တပ်ခွဲ(၄)က ပြောသည်။

ယနေ့(ဧပြီ ၂၀)နေ့လယ် ၃ နာရီခန့်က ပေါင်းတည်မြို့နယ် သိမ်ကုန်းတာဝါတိုင်ဘက်မှနေ၍ ကိုင်းကွင်းကျေးရွာဘက် စစ်ကြောင်းထိုးလာသော အင်အား ၂၇ ဦးခန့်ပါ စစ်ကောင်စီတပ်ကို ပြည်ခရိုင် PDF တပ်ရင်းများဖြစ်သော တပ်ရင်း (၃၆၀၂)၊ TPDFတပ်ခွဲ (၄)၊ တပ်စု (၆) နှင့်တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၄) ၊တပ်ခွဲ (၅) ပူးပေါင်းအဖွဲ့တို့က မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အဖွဲ့က သူတို့စစ်ကြောင်းထိုးလာမယ့်လမ်းကို ကြိုပြီးမိုင်းထောင်အသင့်စောင့်နေတာ။ သူတို့သိမ်ကုန်းကျေးရွာကနေ ကြို့ကုန်းကျေးရွာကိုထွက်လာတာကို ပြည်သူကသတင်းကြိုပေးတော့ ကျွန်တော်တို့ရဲဘော်တွေက ကြိုတင်ပီးအသင့်ပြင်ဆင်ထား​ပီးသားဖြစ်ပြီး ပိုင်ပိုင်နိုင်နိုင်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်။ ကိုင်းကွင်းကျေးရွာနဲ့ တောင်ခမောက်ကျေးရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ”ဟု တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၄)၊ တပ်စု (၆) မှတပ်စုမှူး ကျန်စစ်သားက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊သိမ်ကုန်းတာဝါတိုင်၌ သင်္ကြန်အကြိုနေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့နေ့လယ်တွင် ပဲခူးရိုးမအစပ်ရှိ ကိုင်းကွင်းရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

၎င်းစစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး သေဆုံးမှုရှိ၊မရှိအား မသိရသေးပေ။

ထို့အပြင် ပြည်သူကိုညှဥ်ပန်းနှိပ်စက်သတ်ဖြတ် ပြည်သူ့အိုးအိမ်များ မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူများရှေ့မှမားမားမတ်မတ်ရပ်တည်ကာ ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြည်ခရိုင် PDFတပ်ရင်းများက ဆိုသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် လိုအပ်နေသော လက်နက်ခဲယမ်းများကိုလည်း ပြည်သူများက တတ်နိုင်သမျှလှူဒါန်းကူညီပေးခြင်းဖြင့် စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။