Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်းလင်းပီမြို့မှ စစ်ကောင်စီတပ်သား CDF ထံ ခိုလှုံ၊ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်

အဆိုပါတပ်သားသည် MA3 ကျည်ဘောက် ၃ခု၊ လက်ပစ်ဗုံး ၂လုံး၊ ကျည် ၂၅၀နီးပါးယူဆောင်လာ သည်ဟုဓါတ်ပုံနှင့်တစ်ကွ ဖော်ပြသည်။

(အလင်းဝင်လာ​သော စစ်သားယူ​ဆောင်လာသည့်ကျည်နှင့် ခဲယမ်းအချို့။ဓါတ်ပုံ-CDF Mara)
(အလင်းဝင်လာ​သော စစ်သားယူ​ဆောင်လာသည့်ကျည်နှင့် ခဲယမ်းအချို့။ဓါတ်ပုံ-CDF Mara)

မတူပီ မြို့နယ် လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သားတစ်ဦး အလင်းဝင်လာကြောင်း ချင်းကာကွယ်ရေးတပ်-မရာ(CDF-Mara) က သတင်းထုတ်ပြန်သည်။

လိုင်လင်းပီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော တပ်သား ဦးလှိုင်မျိုးဦး သည် ဧပြီ ၁၆ရက် ညနေပိုင်း၌ CDM ဝင်လာသည်ဟု ဖော်ပြသည်။

အဆိုပါတပ်သားသည် MA3 ကျည်ဘောက် ၃ခု၊ လက်ပစ်ဗုံး ၂လုံး၊ ကျည် ၂၅၀နီးပါးယူဆောင်လာ သည်ဟုဓါတ်ပုံနှင့်တစ်ကွ ဖော်ပြသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် အဆိုပါ တပ်သားကို နွေးထွေးစွာကြိုဆိုပြီး ဆုငွေကျပ်သိန်း ၅၀ ချီးမြင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်သည်ဟုလည်း အသိပေးထားသည်။