Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်​ကော်လမ်းမ​​ကြီးပေါ်တွင်စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရ​သေဆုံးမှုများ

ယနေ့(ဧပြီလ ၂၁ ရက်) နံနက် ၂ နာရီအချိန်တွင် လွိုင်ကော်- မိုးဗြဲကားလမ်းမပေါ်၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)
(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)

မိုးဗြဲ – လွိုင်ကော်လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး သေဆုံးသူများ ပြားကြောင်ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ဗဟို သတင်းနှင့် ပြန်ကြားရေး KnICက ယနေ့ ထုတ် ပြန်သည်။

ယနေ့(ဧပြီလ ၂၁ ရက်) နံနက် ၂ နာရီအချိန်တွင် လွိုင်ကော်- မိုးဗြဲကားလမ်းမပေါ်၌ စစ်ကောင်စီယာဥ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B – 03 နှင့် ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

“သတင်းကောင်းတွေရှိတယ်ပဲ ပြောနိုင်တယ်။ရဲဘော်တွေဘက်က အထိအခိုက်မရှိခဲ့ဘူး”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၁ ရက်)နံနက်ပိုင်းကစ၍ လက်နက်ကြီးများဖြင့် လွိုင်ကော် ဒေသတွင်း ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု သိရသည်။

(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)
(၂၀၂၂ ခုနှစ်တွင် ဖရူဆို၌ စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။ ဓါတ်ပုံ-KNDF)

“မနက် ကတည်းက တောက်လျှောက်လက်နက်ကြီးနဲ့ ပစ်နေတာ။၉နာရီကျော်လောက်အထိ အတိုင်းသား ကြားနေရတုန်း”ဟု လွိုင်ကော် ဒေသခံတစ်ဦးက ပြောသည်။

အလားတူမိုးဗြဲ မြို့ ညောင်ဝိုင်းရပ်ကွက်တွင်လည်းစစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအ ပြား ချထားပြီး အဝင်အထွက် ပိတ်ဆို့နေသည်ဟုသိရသည်။

“တိုင်ပွဲအရှိန်ကြောင့်လို့ပဲ ပြောရမယ်။ညောင်ဝိုင်း ဘက်ကို အခုမနက် အစောကတည်းက ပိတ်ထားတယ်”ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့်ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအားလွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ စစ်မျက်နှာစာနှစ်ဖက်ညှပ်၍ အပြင်းအထန် ထိုးစစ်ဆင်နေသည်။