Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး

SpaceXဟာ နည်းပညာသစ် ဒုံးကျည်အင်ဂျင် လက်တွေ့ စမ်းသပ်မှုတွေကို အကြိမ်ကြိမ် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ အင်ဂျင်နဲ့ ဒုံးကျည်ကိုယ်ထည် တွဲစပ်ပြီး ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းစေခဲ့တာလို့လည်း သိရပါတယ်။

SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး
SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး

တည်ဆောက်ခဲ့ဖူးသမျှ အကြီးဆုံး၊ စွမ်းအား အမြင့်ဆုံး ဒုံးပျံဖြစ်တဲ့ Starshipဟာ ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။

နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ SpaceX ကုမ္ပဏီဟာ အာကာသ ယာဉ်မှူးတွေကို လကမ္ဘာ၊ အင်္ဂါဂြိုဟ်အပြင် အဲဒီနယ်မြေတွေ အလွန်ထိ သယ်ဆောင် ပျံသန်းနိုင်ဖို့ ရည်ရွယ်ပြီး Starshipကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဧပြီ ၂၀ က ပထမဆုံးအကြိမ် စမ်းသပ် လွှတ်တင်မှုမှာတော့ ဧရာမ ဒုံးပျံကြီးဟာ အောင်အောင်မြင်မြင် ပျံတက်ခဲ့ပေမယ့် လေထုထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။ အဲဒီ ဒုံးပျံကို တက္ကဆက်စ် ပြည်နယ်ထဲမှာ အရင်က SpaceXရဲ့ ပုဂ္ဂလိက အာကာသယာဉ်တွေ လွှတ်တင်ခဲ့ရာ ဘိုကာချီကာ အာကာသ စင်တာကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Starshipဟာ ဒုံးပျံ ပျံတက်သွားပြီး ၃ မိနစ် အကြာမှာ အောက်ခြေ အစိတ်အပိုင်းတွေကနေ ခွဲထွက်ရမှာ ဖြစ်ပေမယ့် မျှော်လင့်သလို ဖြစ်မလာဘဲ ပေါက်ကွဲသွားခဲ့တာလို့ SpaceXက ပြောပါတယ်။ Starshipဟာ လူ့သမိုင်းမှာ တည်ဆောက်ဖူးသမျှ စွမ်းအား အမြင့်ဆုံး ဒုံးပျံအဖြစ် သတ်မှတ် ခံထားရပါတယ်။

စမ်းသပ်မှုက ရာနှုန်းပြည့် စိတ်ကျေနပ်စရာ မရှိခဲ့ဘူး ဆိုပေမယ့် အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ်လို့ ယူဆနိုင်ကြောင်း SpaceXက ကြေညာပါတယ်။ SpaceXဟာ ပထမဆုံး စမ်းသပ်မှု ရလဒ်ကို အတွေ့အကြုံယူပြီး နောက်ထပ် အသစ်တည်ဆောက်မယ့် ဒုံးပျံကို မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာပါ။ အခုစမ်းသပ် လွှတ်တင်လိုက်တဲ့ ဒုံးပျံမှာ လူလိုက်ပါခဲ့ခြင်း မရှိပါဘူး။

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ဟာ ဒုံးပျံတွေကို ကိုယ်တိုင် တည်ဆောက်မယ့်အစား အာကာသယာဉ်မှူးတွေကို အာကာထဲ လွှတ်တင်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို ကန်ထရိုက် စာချုပ်တွေ ချုပ်ဆို တာဝန်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နာဆာက Starshipကို ၂၀၂၅ ခုနှစ်မှာ အာကာသ ယာဉ်မှူးတွေ လဆီ သွားရောက်မယ့် Artemis III ခရီးစဉ်အတွက် လျာထား ရွေးချယ်ထားပါတယ်။