Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဧပြီလအတွင်း မန္တလေးမှာ သွေးသောက်အဖွဲ့လက်ချက်နဲ့ အမျိုးသား ၄ ဦးသေဆုံး

သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားရာမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်ကို လည်ပင်းမှာ တပ်ဆွဲထားခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ် အတွင်း မန္တလေးမှာသွေးသောက်အဖွဲ့ကျုးလွန်တဲ့လူသတ်မှု (ပုံဟောင်း)

ဒီနှစ် ဧပြီလအတွင်း မန္တလေးမြို့ပေါ်မှာ သွေးသောက်အဖွဲ့ ရဲ့လက်ချက်နဲ့ အရပ်သား အမျိုးသား ၄ ဦးသေဆုံးခဲ့ပါတယ်။

သတ်ဖြတ်မှုတွေဟာ ဧပြီလ ပထမပတ် နဲ့ တတိယ ပတ်အတွင်း ဖြစ်ပွားခဲ့တာပါ။ ဧပြီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို ချမ်းမြသာစည်မြို့နယ်ထဲမှာ အမျိုးသား ၃ ဦး သတ်ဖြတ်ခံရပါတယ်။

သတ်ဖြတ်ပြီး အလောင်းတွေကို စွန့်ပစ်ထားရာမှာ သွေးသောက်အဖွဲ့ရဲ့ တံဆိပ်ကို လည်ပင်းမှာ တပ်ဆွဲထားခဲ့တာကို ဓာတ်ပုံမှတ်တမ်းတွေအရတွေ့ရပါတယ်။

အဲဒီနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ် ၊သံလျှက်မော် တောင်ရပ်ကွက်ထဲမှာ သတ်လတ်ပိုင်းအရွယ် အမျိုးသား ရဲ့အလောင်းကို သွေးသောက်အဖွဲ့ရဲ့တံဆိပ်နဲ့အတူ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတ်ဖြတ်ခံရသူ ၄ ဦးလုံးဟာ အသက် ၃၅ နှစ်ခန့်ကနေ ၅၀နှစ် ကျော်အရွယ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက အကြမ်းဖျင်းခန့်မှန်းထားကြပါတယ်။

သေဆုံးသူတွေဟာ မည်သူမည်ဝါတွေဆိုတာ စုံစမ်းနေဆဲပါ။ မန္တလေးမှာ ပြီးခဲ့တဲ့ နှစ် ဧပြီလကစတင်ပြီး သွေးသောက်အဖွဲ့ အမည်ခံ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူတွေဟာ NLD ပါတီဝင်တွေ ၊ NLD ပါတီကို ဝန်းရံသူတွေနဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူတွေဖြစ်ကြပါတယ်။

စစ်ကောင်စီကတော့ သွေးသောက်အဖွဲ့ နဲ့ပတ်သက်မှုမရှိဘူးလို့ငြင်းဆိုထားပါတယ်။