Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

လက်ရှိ မန္တလေးမှာ တစ်နေ့ကို ပျှမ်းမျှ မီးလာချိန်ဟာ ၄ နာရီသာ ရှိနေတယ်လို့မြို့ခံအချို့က ပြောပါတယ်။

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ
မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်တောက်မှုနောက်ဆက်တွဲအနေနဲ့ မန္တလေးမှာ ရေပြတ်တောက်မှုကြုံနေရပြီး တစ်ရက်ကို ရေဂါလံ နှစ်သိန်းခန့်ဖြန့်ဝေပေးနေရတယ်လို့ လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာတင် ဖြန့်ဝေပေးရတဲ့ ရေဂါလံဟာ ၂ နှစ်သိန်း ဝန်းကျင်ရှိနေတာပါ။

မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေဟာ အဝီစိတွင်းရေနဲ စည်ပင်ရေ ကို အသုံးပြုနေကြတာဖြစ်ပြီး ဧပြီလအတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုကိုကြုံလာရချိန်မှာ ရေပြတ်လပ်မှုကို ရင်ဆိုင်နေရတာလို့သိရပါတယ်။

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ
မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

စည်ပင်ရေဟာ အချိန်နဲ့လွှတ်ပေးတာပါ။

” ရေလာချိန် မီးမလာ ၊မီးလာချိန် ရေမလာနဲ့ ရေကမရလိုက်ဘူး” လို့ ချမ်းအေးသာစံမြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးကပြောပြပါတယ်။

အလားတူပါပဲ အဝီစိတွင်းရေ အသုံးပြုတွေဟာလည်း မီးပျက်ချိန်များလို့ရေတင်ဖို့ အခက်အခဲဖြစ်နေတာပါ။

လက်ရှိ မန္တလေးမှာ တစ်နေ့ကို ပျှမ်းမျှ မီးလာချိန်ဟာ ၄ နာရီသာ ရှိနေတယ်လို့မြို့ခံအချို့က ပြောပါတယ်။