Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီ​တွင်​သေဆုံးခဲ့​​သော စစ်​ကောင်စီတပ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးမင်းလတ်မှာ တမူးမြို့မှဖြစ်

စစ်တက္ကသိုလ်(DSA)အမှတ်စဥ် ၄၂ ​ကျောင်းဆင်းဗျူဟာမှူးဗိုလ်မှုးကြီးစိုးမင်းလတ်သည် တမူးမြို့ ဈေးတန်းရပ်ကွက်တွင်နေသူဖြစ်ပြီး မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း ၎င်း၏မိသားစုကိုသိ​သော တမူးမြို့ခံများက အတည်ပြုသည်။

(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်)
(CDF-မတူပီ တိုက်ခိုက်မှု​ကြောင့်​သေဆုံးခဲ့​သော ဗိုလ်မှူးကြီးစိုးမင်းလတ်)

မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီတပ် စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-မတူပီက စီးနင်းတိုက်ခိုက်ခဲ့သည့်အထူး စစ်ဆင်ရေးတွင် သေဆုံးခဲ့သည့်ဗျူဟာမှူးဗိုလ်မှုးကြီးစိုးမင်းလတ်မှာ တမူးမြို့မှဖြစ်ကြောင်း People’s Spring မှ စုံစမ်းသိရှိရသည်။

စစ်တက္ကသိုလ်(DSA)အမှတ်စဥ် ၄၂ ​ကျောင်းဆင်းဗျူဟာမှူးဗိုလ်မှုးကြီးစိုးမင်းလတ်သည် တမူးမြို့ ဈေးတန်းရပ်ကွက်တွင်နေသူဖြစ်ပြီး မတူပီ-ဟားခါးလမ်းရှိ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း ၎င်း၏မိသားစုကိုသိ​သော တမူးမြို့ခံများက အတည်ပြုသည်။

“စိုးမင်းလတ်ကတမူးသား။ သူ့အဖေကနေဝင်း။အမေက ဒေါ်ရွှေမှုံ။ အခုသူတို့ရဲ့သားသေတော့အပြင်တောင်မထွက်ရဲဘူး။ ဒါပေမယ့် မတူပီကိုလိုက်သွားမယ်ကြားတယ်”ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

မေလ(၅)ရက်နေ့ ညနေ(၄)နာရီတွင်ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့-မတူပီ မှအထူးစစ်ဆင်ရေးအဖြစ် မတူပီ-ဟားခါးလမ်းမပေါ်မှ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင် စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး၏ ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း ၃ ဦး​သေဆုံးခဲ့ပြီး MA 3 သေနတ်တစ်လက် ရရှိခဲ့သည်ဟု ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့-မတူပီက သတင်းထုတ်ပြန်ထားသည်။

ဦးနေဝင်းသည်၂၀၂၀ရွေကောက်ပွဲတွင်တမူးမြို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ထို့အပြင် စိုးမင်းလတ်၏ တူတော်စပ်သော ဝင်းမော်ဆိုသူသည် လက်ရှ်ိတွင် တမူးမြို့စော်ဘွားရပ်ကွက်၏ပျူစောထီးခေါင်းဆောင်အဖြစ် စစ်ကောင်စီ‌လက်အောက်တွင် လှုပ်ရှားနေသူဟု မြို့ခံများကပြောသည်။

အခြားသတင်းတစ်ရပ်တွင်​မေ ၆ ရက် ညနေ (၃)နာရီကျော်တွင် ကျောက်ထုမှ စစ်ရဟတ်ယာဥ် တစ်စီး မင်းတပ်နယ်ကိုဖြတ်ပြီး မတူပီမြို့ဘက်သို့ ဦးတည်ပျံသန်းသွားပြီး CDF-မတူပီတိုက်ခိုက်မှုကြောင့် သေဆုံးသွား​သော ဗျူဟာမှူးကို သွားရောက်သယ်ယူခြင်းဖြစ်နိုင်​ကြောင်း ​​ဒေသခံတစ်ဦးက​ပြောသည်။

ဗျူဟာမှူးအပါအဝင် သုံးဦးကို ရှင်းလင်းခဲ့သည့်CDF-မတူပီကစစ်ကောင်စီ၏စစ်ယန္တရားများလည်ပတ်နိုင်ရန်အထောက်အကူဖြစ်စေသော စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြားစစ်ကောင်စီဝန်ထမ်းများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ၏ အသိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် ​ကြေညာထားသည်။

ယခုလပိုင်းအတွင်းတိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများ​သေဆုံးမှုများပြားလာပြီး ဧပြီ ၂၄ ရက်က ထီးချိုင့်မြို့နယ်အတွင်းတိုက်ပွဲတွင် ဗျူဟာမှုး ဗိုလ်မှူးကြီးကိုကိုသက် ​သေဆုံးခဲ့ပြီးရုပ်အ​လောင်းကို Mi-17 ဖြင့်စစ်တပ်ကသယ်​ဆောင်ခဲ့သည်။