Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်ပြည်နယ်ရှိ တပ်မ(၄၄)ဌာနချုပ်နှင့် ရဲစခန်းနှစ်ခုကို တိုက်ခိုက်

မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ် သောကြောင့် စစ်ကောင်စီနှင့်ဆက်စပ်သည့် နေရာများကို ရှောင်ရှားရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ယခုလဆန်းပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

(သထုံ PDFမှ ရဲဘော်များနှင့် တောင်စွန်းရဲစခန်းနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TPDF)
(သထုံ PDFမှ ရဲဘော်များနှင့် တောင်စွန်းရဲစခန်းနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TPDF)

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်မ(၄၄)ဌာနချုပ်အပါအဝင် ရဲစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ပြောသည်။

ယနေ့(မေလ ၆ ရက်) နံနက် ၁၁နာရီတွင် ကျိုက်ထိုအခြေစိုက် တပ်မ(၄၄)ဌာနချုပ်အား ကျိုက်ထို (ပကဖ)၊ KRF နှင့် KNLA ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ရဲစခန်းနှစ်ခုကို တပြိုင်တည်းတိုက်တာ။ဝင်းကံရဲစခန်းကတော့ ဝင်တိုက်တာ မျက်မြင်အရ နှစ်ဦးသေတယ်ဆိုတာ အတည်ပြုနိုင်တယ်။ကျန်တဲ့ မစ်ရှင်တွေကတော့ အတိအကျ မသိလို့ သေချာမပြောနိုင်သေးဘူး”ဟု KRF တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီက (၆၀)မမ စိန်ပြောင်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ ၏ ထိခိုက်မှုကို မသိရသေးပေ။

(သထုံ PDFမှ ရဲဘော်များနှင့် တောင်စွန်းရဲစခန်းနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - TPDF)
(သထုံ PDFမှ ရဲဘော်များနှင့် တောင်စွန်းရဲစခန်းနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – TPDF)

ထို့အတူ ယနေ့ နေ့လယ် ၂ နာရီ ၄၆ မိနစ်မှ ၃နာရီ ၁၂ မိနစ်အထိ ၂၆ မိနစ်ကြာ ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံး ကြောင်း KRF က အတည်ပြုသည်။

ထို့နောက် ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံးဖြင့် ချတိုက်ခိုက် ခဲ့သည်ဟု အသိပေးသည်။

အဆိုပါ ရဲစခန်း ၂ခု တိုက်ခိုက်မှုကို သထုံ PDF ကလည်း ထုတ်ပြန်အသိပေးခဲ့ရာ ဝင်းကံရဲစခန်းကို ပူးပေါင်းတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ တောင်စွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ဝင်းကံရဲစခန်းတိုက်ခိုက်မှုတွင် ရန်သူဘက်မှ နှစ်ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိရပြီး ကျန်ထိခိုက်သေဆုံးစာရင်းကို စုံစမ်းဆဲဖြစ်ကြောင်း၊ ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF အနေဖြင့် စစ်ကောင်စီလက် အောက်ခံ တပ်စခန်းများ ဂိတ်စခန်းများ ရဲစခန်းများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်သည်။

မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ် သောကြောင့် စစ်ကောင်စီနှင့်ဆက်စပ်သည့် နေရာများကို ရှောင်ရှားရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ယခုလဆန်းပိုင်းက အသိပေး ထုတ်ပြန်ထားသည်။

ယနေ့(မေ ၁ ရက်)ကစတင်၍ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အဆောက်အဦးများနှင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ နေထိုင် နာခိုးရန် ခွင့်ပြုပေးထားသော တည်ခိုးခန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ နှင့် စစ်ကောင်စီတပ် ရှိနေသည့် နေရာများနှင့် ရှောင်ရှားနေထိုင်ပေးရန် ဖော်ပြထားသည်။