Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတမန်ယာဉ်တန်း တိုက်ခိုက်မှု NUG နိုင်ငံခြားရေး ပြင်းထန်စွာရှုတ်ချ

မေလ ၇ရက်က ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ဆက်ဆံရေးရုံးသို့ သွားရောက်သည့် ယာဉ်တန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

သံတမန်ယာဉ်တန်း တိုက်ခိုက်မှု NUG နိုင်ငံခြားရေး ပြင်းထန်စွာရှုတ်ချ
သံတမန်ယာဉ်တန်း တိုက်ခိုက်မှု NUG နိုင်ငံခြားရေး ပြင်းထန်စွာရှုတ်ချ

▪️စစ်ကောင်စီထိန်းချုပ်နယ်မြေ၌ဖြစ်ခဲ့သည့် ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ၊ ရလဒ်ကို ကြေညာမည်ဟု အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် ဆီဆိုင်သွားလမ်း၌ သံတမန်ယာဉ်တန်းအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မေလ ၇ရက်က ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) ဆက်ဆံရေးရုံးသို့ သွားရောက်သည့် ယာဉ်တန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိကြောင်း၊ ဥပဒေရေးရာ၊ အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ငံကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း သတင်းရင်းမြစ်အချို့၏ ပြောကြားချက်အရ စစ်ရှောင်များကို ကူညီရန်လာသည့် အင်ဒိုနီးရှား၊ စင်္ကာပူသံတမန်များ၊ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာ(AHA)မှတာဝန်ရှိသူများလိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာသည် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ရှိရာ အကြား၌ဖြစ်သည်ဟု ဆိုသည်။

သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတစ်ဦးက နိုင်ငံတကာ Diplomat တွေ၊ လူသားချင်းစာနာမှုအကူအညီပေးသူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး PDF တွေ လုံးဝမလုပ်ပါဘူး။ ကရင်နီပြည်မှာ Save The Children ဝန်ထမ်းတွေကို မီးရှိ့သတ်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ ပြန်သတိရစေချင်ပါတယ် ဟု Peoples Spring သို့ ပြောကြားထားသည်။

ထို့ပြင် ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း “ သူတို့(PDF)တော့ မဖြစ်နိုင်ဘူး။ ဒါကျနော်တို့တွေးမိတာပေါ့။ သူတို့ အဲဒီနေရာရောက်ဖို့မလွယ်ဘူး။ အဲဒီမှာ တပ်ရင်း (စစ်ကောင်စီတပ်ရင်း) ၂ရင်း တောင်ရှိတယ်။ သိပ်မဝေးဘူး” ဟု ပြောသည်။

ပအိုဝ်းဒေသခံတစ်ဦးကလည်းသံတမန်ယာဉ်တန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“ နိုင်ငံခြားသံတမန်နဲ့ စစ်ဘေးရှောင်တွေကို မတွေ့စေချင်လို့။ နောက်တစ်ခုက PNLO နယ်ရုံးကို နိုင်ငံခြားသံတမန်တွေလာတွေ့တယ်ဆိုတာ နိုင်ငံရေးအဆင့်အရ မြင့်တယ်။ အဲဒါကို PNO(စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်)နဲ့ စကစ က အဖြစ်မခံနိုင်လို့။ အဓိကက နိုင်ငံတကာ သံတမန်နဲ့ စစ်ဘေးရှောင် စကားပြောလိုက်ရရင် စကစရဲ့ လုပ်ရပ်တွေက ပိုပေါ်ကုန်မှာ ကြောက်လို့ဖြစ်မယ်ဟု ပအိုဝ်းဒေသခံတစ်ဦးကသုံးသပ်ပြောကြားသည်။