Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီဗိုလ်ကြီးနှင့်မိသားစုအား PDFများဖမ်းဆီး

“ကျွန်တော်တို့က ထိန်းသိမ်းပေးထားတာပဲရှိတာပါ။ NUGက ဆင်းလာတဲ့ ဗိုလ်မှူးတွေဆီကို အပ်လိုက်တာ။ ကျွန်တော်တို့ လက်ဖျားနဲ့တောင်မထိဘူး။”ဟုဖမ်းဆီးခဲ့သည့်အဖွဲ့တွင်ပါဝင်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

(ပုဆိုးဝတ်ပြီးစစ်တိုက်​နေသည့် စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)
(ပုဆိုးဝတ်ပြီးစစ်တိုက်​နေသည့် စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် မုံရွာသွားမည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် မိသားစုအား PDFများက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ယမန်နေ့ (မေလ ၇ ရက်နေ့ )မွန်းလွဲပိုင်းက မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာတွင် မန္တလေးဘက်မှ လာသော အိမ်စီးကားတစ်စီးကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တားဆီးစစ်ဆေးရာ ကားပေါ်၌ ကျား(၄)ဦး မ (၁)ဦးကို တွေ့ရှိရကြောင်း၊ ကျား ၄ ဦးအနက် တစ်ဦးမှာ စစ်​ကောင်စီ၏ (၃)ပွင့်ဗိုလ်၊ ဗိုလ်ကြီးကျော်ဝဏ္ဏ ဆိုသူ ဖြစ်ကြောင်း ​တော်လှန်​ရေးသတင်းအရင်းအမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

၎င်းတို့သည် မုံရွာသွားရန်ထွက်လာကြ​သော မိသားစုဟုသိရပြီး ၎င်းနှင့်အတူ စာရွက်စာတမ်း ၊ပြန်တမ်းဝင်အရာရှိလက်မှတ်များလည်း တွေ့ရှိကြောင်း၊ ၎င်းတို့အားဖမ်းဆီးခေါ်ဆောင်ကာ စစ်ကိုင်းခရိုင် ခရိုင်ပကဖ၊ ခရိုင်ကွပ်ကဲရေးရုံးထံ သတင်းပို့၍ စစ်ကိုင်းခရိုင်ရုံးသို့ ပါလာသော ပစ္စည်းများနှင့်အတူ အပ်နှံခဲ့ကြောင်း​​တော်လှန်​ရေးအဖွဲ့များက​ပြော သည်။

“ကျွန်တော်တို့က ထိန်းသိမ်းပေးထားတာပဲရှိတာပါ။ NUGက ဆင်းလာတဲ့ ဗိုလ်မှူးတွေဆီကို အပ်လိုက်တာ။ ကျွန်တော်တို့ လက်ဖျားနဲ့တောင်မထိဘူး။”ဟုဖမ်းဆီးခဲ့သည့်အဖွဲ့တွင်ပါဝင်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယခုလပိုင်းအတွင်းနိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများ​သေဆုံး ၊ဒဏ်ရာရမှုများလာသည်။