Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်

စိုင်ပြင်ကြီးရဲစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခွဲခန့်တွင် အဖြူရောင် ပကဖ၊ A2k ပကဖ၊ ရန်ကြီးအောင် PDFနှင့် နယ်စည်းမခြား Freedom Federal စစ်ကြောင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်
စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် လေးဖွဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သတင်းရရှိသည်။

စိုင်ပြင်ကြီးရဲစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခွဲခန့်တွင် အဖြူရောင် ပကဖ၊ A2k ပကဖ၊ ရန်ကြီးအောင် PDFနှင့် နယ်စည်းမခြား Freedom Federal စစ်ကြောင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” စိုင်ပြင်က စစ်ကောင်စီတပ်တွေ ဂိတ်ဖြုတ်ချိန် ရဲဘော်တွေက သွားပစ်တာ။ လေးယောက်ထိသွားတယ်”ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဖြူရောင် ပကဖတာဝန်ခံ CKက ” စစ်တပ်ဘက်က သုံးယောက်သေပါတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သတင်းပေးလာပါတယ်ဗျ”ဟု ပြောသည်။

(၄၀) မမဗုံးသီးဖြင့် စတင်ပစ်ခတ်ပြီးနောက် ဝိုင်းဝန်းတိုက်ခိုက်ရာ တိုက်ပွဲအတွင်း နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်သွားကြောင်း၊ ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ ဆေးကုသနေစဉ် ဇူလိုင် ၁ရက် နေ့လယ်၁၂နာရီခန့်တွင်ထပ်မံသေဆုံးသွားကြောင်း အဖြူရောင်(ပကဖ) က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒီပဲယင်းနယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး တိုက်ပွဲများဖော်ဆောင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးကြရန် အဖြူရောင် ပကဖ တာဝန်ခံ CKက မေတ္တာရပ်ခံသည်။