Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိ​ပေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ KNPLF ၏ လက်အောက်ခံ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိ​ပေး
မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိ​ပေး

စစ်ကောင်စီနှင့်ပူးပေါင်းပြီး မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန် ဒုတိယဥက္ကဋ္ဌ (၂) ရဲဘော်ထူးကော် အား ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ) KNPLF က ယနေ့ထုတ်ပြန် သတိပေးလိုက်သည်။

မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိ​ပေး
မိခင်အဖွဲ့အစည်းကို မဆန့်ကျင်ရန်အပါအဝင် “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိရန် ဒုဥက္ကဋ္ဌ(၂)ကို KNDLF သတိ​ပေး

“ခင်ဗျားကို ကျနော်တို့ ဒီတိုက်ပွဲတွေ မစတင်မီကလည်း ဆွေးနွေးဖူးသလို၊ အဖွဲ့အစည်းရဲ့တာဝန်အရှိဆုံး ပုဂ္ဂိုလ် ကိုယ်တိုင်က ခင်ဗျားကို ဒီလို တိုက်ပွဲတွေမဖြစ်မီရက်အနည်းငယ်ကလည်းထပ်မံခေါ် ယူဆွေးနွေးခဲ့သေးတယ်မဟုတ်ပါလား။ ခင်ဗျား ဘယ်လိုပြောပြီး ပြန်သွားသလဲဆိုတာ ခင်ဗျားအသိဆုံးပါ။ကျနော်တို့က ခင်ဗျားရဲ့အသက်ဘေးအန္တရာယ်နဲ့ ခင်ဗျားရဲ့နိုင်ငံရေးဂုဏ်သိက္ခာကို တန်ဖိုးထားလို့ အသေအချာ ဆွေးနွေးခဲ့တာပါ။ ခင်ဗျားအနေနဲ့ အဖွဲ့အစည်းနဲ့အတူ မလိုက်ပါနိုင်တာကို ကျနော်တို့ နားလည်နိုင်ပါတယ်။ ယုတ်စွအဆုံး ခင်ဗျား ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် ရန်သူ (စကစ) စစ်အုပ်စုနဲ့ပေါင်းဖက်နေလည်း ကျနော် ခင်ဗျားကို နားလည် ပေး လို့ရနိုင်ပါသေးတယ်။ သို့သော်လည်း ရန်သူနဲ့ပေါင်းပြီး အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ၊ တော်လှန်ရေးနဲ့ခင်ဗျားကိုယ်တိုင် နှစ်ပေါင်း များစွာ ပါဝင်ဖြတ်သန်းတည်ဆောက်လာခဲ့ဖူးတဲ့ မိခင်အဖွဲ့အစည်း(ကလလတ) ကိုတော့ မဆန့်ကျင်မိဖို့လိုပါတယ်”ဟု KNPLF ၏ အဖွဲ့အစည်းဝင်ရဲဘော်များအားလုံး၏ မှတ်ချက်ဖြင့်ထုတ်ပြန်ထား​ကြောင်း​ဖော်ပြသည်။

ရန်သူနှင့်ပေါင်းပြီး “သုံးမျိုးဆန့်ကျင်ရေး” မလုပ်မိပါစေနှင့်ဟ ကလလတ ကသတိ​ပေးသည်။ထိုသို့ မလုပ်ရန်လည်းအလေးအနက်လည်းမေတ္တာရပ်ခံပါ​ကြောင်း KNPLF ကအသိ​ပေးသည်။

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမစတင်မီကပင် အတူတကွဆွေးနွေးမှုများရှိခဲ့ကြောင်းလည်းKNPLFက အသိ​ပေးထားသည်။

“အခုလို စာတိုစာရှည်တွေ ရေးသားထုတ်ဝေနေတာဘယ်သူ့လက်ချက်ဘယ်သူ့ အစီ အစဉ်ဖြစ်တယ်ဆိုတာ ပြည်သူများလည်းသိသလို၊ ကျနော်တို့လည်းသိပါတယ်။ကာယကံရှင်ဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်ကတော့ အသိဆုံးဖြစ်ပါတယ်။ဘုံရန်သူ (စကစ) ဟာ ကျနော်တို့အချင်းချင်းထဲကဖြစ်စေ၊ ကျနော်တို့တော်လှန်ရေးထဲကဖြစ်စေ ပျော့ညံ့တွေဝေသူတွေ၊ အတ္တကိုယ်ကျိုးစီးပွားတစ်ခုထဲကိုပဲ မက်မောတွယ်တာသူတွေကို အဲဒီလိုပဲ ချုပ်ကိုင်စေပါး အသုံးချခဲ့တာ အသုံးချနေ တာဟာ အခုမှ မဟုတ်ပါဘူး။ ဖောက်ပြန်တဲ့အုပ်စိုးသူအဆက်ဆက်ကျင့်သုံးမြဲ ကျင့်သုံးဆဲ လက်သုံးပေါ်လစီပါပဲ”ဟု ထပ်လောင်း သတိပေးသည်။

ထို့ကြောင့် ရန်သူ့အကြိုက်လိုက်၍လုပ်နေသည်ကို ရပ်တန်းကရပ်ရန် အလေးအနက် သတိပေးပြီး ရန်သူ့ကျော့ကွင်းထဲမှ အမြန်ဆုံးပြန်လာရန် နှင့် အရင်အတိုင်း လှိုက်လှဲစွာဆီးကြိုရန်အသင့်ရှိကြောင်း လည်း KNPLF က ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီ ဖြစ်

ကြောင်း KNPLF က ဇူလိုင်လ ၁ ရက်နေ့တွင်တရားဝင်ထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီနှင့် ဆက်လက် လက်တွဲမည်ဟု လွိင်ကော်ခရိုင် KNPLF ၏ ထုတ်ပြန်စာ ထွက်ရှိလာကာ ဒုဥက္ကဌဖြစ်သော ထူးကော်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ထူးကော်၏ ထုတ်ပြန်ချက်တွင် ပြည်သူလူထု၏အကျိုးကိုသာ အစဉ် ဦးထိပ်ပန်ဆင်ပြီး ယနေ့အထိ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည် နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူယှဉ်တွဲကာ ငြိမ်း‌ ချမ်းရေးတည်ဆောက်ခဲ့ပြီးဖြစ်၍ ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းကိုသာ အတူပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုကော်မတီ၏ သဘောထားမပါဘဲ ထုတ်ပြန်ကြေညာချက်များသည် အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ကြေညာချက်မဟုတ်ဟု ဆိုထားသည်။

“လွိုင်ကော်မှာ သူ့(ထူးကော်)စီးပွားရေး တွေ ကောင်းနေတာလဲ ပါတယ်။အရှင်းဆုံးပြောရရင် ပေါင်းစားတာ မဝ သေးဘူး။အဲဒါကြောင့် စကစ အလိုကျ အခုလို တုံ့ ပြန်စာ ထွက်လာတာ။ဒါပေမယ့် မြေပြင်တပ်ဖွဲ့နဲ့ အဖွဲ့အစည်း အခြေအနေအရ သူက ဘာမှ မဟုတ်ပါဘူး”ဟု ကရင် နီစစ်ရေးသတင်းရင်းမြစ်က ပြော သည်။

“သူ့ရပ်တည်ချက်က ကျနော်တို့နဲ့အတူ မဟုတ်ဘူးဆိုရင်တော့ စစ်အုပ်စုနဲ့ တူတယ်ဆိုရင်တော့ ကျနော်တို့ရန်သူ ဖြစ်သွားမှာပါ။အဲဒါကလည်း သူတို့က စစ်ကောင်စီနဲ့ ဆက်ပူးပေါင်းမယ်ဆိုရင်တော့ ပြည်သူ လူထုရဲ့ ရန်သူ ကျနော်တို့အဖွဲ့အစည်းရဲ့ ရန်သူဖြစ်လာမှာပါ”ဟု KNPLF တွဲဖက်အထွေထွေ အတွင်း ရေးမှူး ရဲဘော်လောရင်းစိုးကလည်း ဇွန်လ ၂ ရင်တွင်အသိပေးသည်။

၁၉၉၄ ခုနှစ်ကစ၍ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေး အသွင်ပြောင်းခံထားရသည့် KNPLF တပ် ရင်း ၂ ခုမှာ လက်ရှိတွင် KNPLF တပ်ဖွဲ့အဖြစ် ပြန် လည်ရပ် တည်ကာ မိခင်အဖွဲ့အစည်းနှင့်အတူ စစ်ကောင်စီ အားတိုက်ခိုက်လျှက်ရှိသည်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက်BGF တပ်ရင်းအ မှတ် (၁၀၀၄) သည် မူလအတိုင်း KNPLF (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်း KNPLF (7894)တပ်ရင်း အဖြစ်လည်းကောင်းပြန် လည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ် များ ပြောင်းလဲတပ်ဆင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ KNPLF ၏ လက်အောက်ခံ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

လက်ရှိအချိန်ထိ ရွာသစ်နှင့် မယ်စဲ့ မြို့တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။