Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံး မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခံရ

ဇွန်လ ၂၈ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့ရှောင်လမ်းတွင် ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သန်းလာသော စစ်သား လေးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))
(Sharr Do War နည်းပညာ မောင်းသူမဲ့ လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ရဓာတ်ပုံ-ကိုနွေဦး(မြောင်))

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြောင် CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂ ရက်) ညနေပိုင်းက မြင်းမူမြို့မရဲစခန်းကို ဗုံးသီး နှစ်လုံး၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို ဗုံးသီး နှစ်လုံးကို Sharr Do War နည်းပညာ မောင်းသူမဲ့လေယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်မှတ်အား တိကျစွာတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေမှာမူ မသိရသေးကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

“ပထမအကြိမ်က ထွက်ပစ်ခတ်နိုင်တယ်။ ဒုတိယအကြိမ်ကျတော့ မကြားရတော့ဘူး။”ဟု ၎င်းက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသည်ဟု သိရကြောင်း မြို့ခံအချို့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို CDSOM အနောက်ပိုင်း (၀၀၁)အဖွဲ့၊ Myinmu Civil Revolution Force၊ စစ်ကိုင်း ခရိုင် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းမူ ပကဖ၊ မြင်းမူ ကိုလမ်းဗိုလ်နှင့်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။