Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျင်ဒွေးသို့ ရိက္ခာပို့သွားသည့် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာလာ၊ တိုက်ပွဲဆက်ရှိနိုင်ဟု ဆောဒေသခံပြော

မကွေးတိုင်း ဆိပ်ဖြူ မှလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းသည် ဇူလိုင်လလယ်တွင် ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီး၌ ဒေသခံ CDFနှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။

(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)
(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ရိက္ခာခဲယမ်း သွားရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်က မကွေးတိုင်း ဆောနယ်ဘက်သို့ ပြန်လည်ထွက်ခွာလာ၍ တိုက်ပွဲများ ဆက်ဖြစ်နိုင်ဟု ဆောမြို့နယ် ဒေသခံက ပြောသည်။

မကွေးတိုင်း ဆိပ်ဖြူ မှလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းသည် ဇူလိုင်လလယ်တွင် ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီး၌ ဒေသခံ CDFနှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။

(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)
(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)

အဆိုပါ စစ်ကြောင်းသည် ကျင်ဒွေးရှိ စစ်ကောင်စီတပ်သို့ ရိက္ခာပို့ပြီးနောက် ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း ဆောမြို့နယ် PDF နှင့်နီးစပ်သည့် ဒေသခံက ယနေ့ ပြောပြသည်။

“ကျင်ဒွေးဘက်က ထွက်လာပြီ ကားတန်းက။ ကျနော်တို့ ဆောနယ်ကို မရောက်လာသေးဘူး။ အပြန်လမ်းကြောင်းပေါ့။ သူတို့က ဖြေးဖြေးပဲ မိုင်းရှင်းရင်းလာတာပေါ့။” ဟု ဆောနယ်ဒေသခံက ပြောသည်။

(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)
(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)

ကျင်ဒွေးသို့ အသွားတွင်လည်း အဆိုပါ စစ်ကောင်စီတပ်ကို ဒေသခံ ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ ယခု အပြန်ခရီးတွင်လည်း တိုက်ခိုက်မှု ကြုံရနိူင်သည်ဟု၎င်းကဆက်​ပြောသည်။

“ကျင်ဒွေးကနေ ဆောကနေ လောင်းရှည်ကနေပြီးတော့ ဆိပ်ဖြူကို သွားလိမ့်မယ်။ ပထမလာခဲ့တဲ့ လမ်းကြောင်းပေါ့” ဟု ဆောနယ်ဒေသခံကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် အသွားခရီးတွင်လည်း ၎င်းတို့ ဖြတ်သန်းရာလမ်းကြောင်းရှိရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ၏နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ပစ္စည်းများ ယူဆောင်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

ဇူလိုင် လလယ်တွင် ဆောမြို့နယ် ရင်းကဲရွာကို အဆိုပါစစ်ကြောင်းက မီးရှို့ခဲ့၍ နေအိမ် ၃၀၀ကျော်ပျက်စီးခဲ့သည်။ ဇူလိုင် ၁၈ရက်တွင်လည်း စစ်ကောင်စီတပ်က ကန်ပက်လက်နယ် မဆွာတီရွာကို လေကြောင်း တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ထို့ပြင် မဆာတွီရွာအတွင်းရှိ ပြည်သူလူထုပိုင် ပစ္စည်းများကို လည်း ဖျက်ဆီးကာ ခြိမ်းခြောက်စာများလည်းရေးသားခဲ့သည်ဟုဆိုသည်။