Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဩဂုတ် ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်အနက် ၆ နှစ် သာလျှော့၊ သမ္မတဦးဝင်းမြင့်ကိုလည်း ၁၂ နှစ်အနက် နှစ်နှစ်သာလျှော့

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဒါဇင်နှင့်ချီသောပုဒ်မများအနက် အမှုငါးမှုအတွက် ချထားတဲ့ ထောင်ဒဏ်နှစ်အနည်းငယ်ကို ပြစ်ဒဏ်သက်သာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အခုပြစ်ဒဏ်လျှော့ပေးလိုက်တဲ့ အမှုများဟာ ပြစ်ဒဏ်ကနေလွတ်တော့မယ့် အမှုများဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သမ္မတဦးဝင်းမြင့်ကိုလည်း အလားတူ ပြစ်ဒဏ်သက်သာခွင့်ပေးခဲ့ပြီး ဦးဝင်းမြင့်ရင်ဆိုင်နေရတဲ့ အမှု ၈ မှုအနက် နှစ်မှုရဲ့ထောင်ဒဏ်များကို သက်သာခွင့်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကြေညာ
ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကြေညာ

▪️စစ်တပ်ရဲ့ အရေးပေါ်ကာလသက်တမ်းတိုးမှုကို လွန်စွာစိုးရိမ်ကြောင်း အမေရိကန်နဲ့ ကနေဒါ ထုတ်ပြန်

စစ်တပ်ရဲ့ အရေးပေါ်ကာလ ၆ လသက်တမ်းတိုးမှုကို အမေရိကန်နဲ့ ကနေဒါတို့က လွန်စွာစိုးရိမ်ပူပန်ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။ တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ကာလသက်တမ်းတိုးမှုက တိုင်းပြည်ကို အကြမ်းဖက်မှုများနဲ့ မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားလာစေမယ်လို့အမေရိကန်က ဆိုပါတယ်။ အလားတူ ကနေဒါကလည်း မြန်မာစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်းတိုးမှု၊ မြို့နယ်များမှာ စစ်အုပ်ချုပ်ရေး ပြဌာန်းထားမှု၊ မြန်မာနိုင်ငံအပေါ် စစ်တပ်ရဲ့ တရားမဝင် အုပ်စိုးမှုများကို ကြာရှည်စေခြင်းတို့အပေါ် ပြင်းထန်စွာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြပါတယ်။ ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ကို အာဏာသိမ်း ဖြုတ်ချခဲ့ခြင်းအား ကနေဒါက တခဲနက် ဆက်လက်ရှုတ်ချပါတယ်။

(စစ်​ကောင်စီက ဇူလိူင် ၃၁ ရက်ကာလုံဆို​သောအစည်းအ​ဝေးတွင် အဖမ်းမခံရဘဲ လူမြင်ကွင်းမှ​ပျောက်​နေ​သောဟင်နရီဗန်ထီးယူကို ထုတ်ပြခဲ့သည်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက ဇူလိူင် ၃၁ ရက်ကာလုံဆို​သောအစည်းအ​ဝေးတွင် အဖမ်းမခံရဘဲ လူမြင်ကွင်းမှ​ပျောက်​နေ​သောဟင်နရီဗန်ထီးယူကို ထုတ်ပြခဲ့သည်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️ဖား​ဆောင်းနဲ့ မယ်စဲ့မြို့နယ်ကြား တိုက်ပွဲများပြင်းထန်​

ဖားဆောင်းနဲ့ မယ်စဲ့ မြို့နယ်ကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက နေ့စဥ် လေကြောင်အသုံးပြုတိုက်ခိုက်နေ​တယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီရဲ့ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ်(ကျောက်ပန်းညိုရွာ)ကိုကျော်ကာမယ်စဲ့မြို့နယ်ရှိ ကျောက်စုရွာသို့ နေရာယူမယ့် ထိုးစစ်ကို ကရင်နီပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတာပါ။ မြေပြင် စစ်ကြောင်းသုံးခု အပါအဝင် လက်နက်ကြီး နဲ့ လေကြောင်း အများအပြားအသုံးပြုကာ ဇူလိုင် ၂၁ ရက်ကစလို့ စစ်ကောင်စီက မယ်စဲ့ မြို့နယ်ထဲသို့ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)
(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)

▪️ကျင်ဒွေးသို့ ရိက္ခာပို့သွားတဲ့ စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာလာ၊ တိုက်ပွဲဆက်ရှိနိုင်ဟု ဆောဒေသခံပြော

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သို့ ရိက္ခာခဲယမ်း သွားရောက်ပို့ဆောင်တဲ့ စစ်ကောင်စီတပ်က မကွေးတိုင်း ဆောနယ်ဘက်သို့ ပြန်လည်ထွက်ခွါလာတာကြောင့် တိုက်ပွဲများ ဆက်ဖြစ်နိုင်တယ်လို့ ဆောမြို့နယ် ဒေသခံက ပြောပါတယ်။ မကွေးတိုင်း ဆိပ်ဖြူမှလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းဟာ ဇူလိုင်လလယ်မှာ ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီးမှာ ဒေသခံ CDFနဲ့ PDF တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ ကျင်ဒွေးရှိ စစ်ကောင်စီတပ်သို့ ရိက္ခာပို့ပြီးနောက် ပြန်လည်ထွက်ခွါလာပြီလို့ ဆောမြို့နယ် PDF နဲ့နီးစပ်တဲ့ဒေသခံက ပြောပါတယ်။

(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)
(စစ်​ကောင်စီတပ်က မဆာတွီရွာတွင် ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးပြီး ခြိမ်း​ခြောက်စာ ​ရေးထားခဲ့သည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ကန်ပက်လက်ပကဖ)

▪️ပခုက္ကူခရိုင် PDF တပ်ရင်းများတိုက်ခိုက်မှုကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ် ၆၀ကျော် သေဆုံးဟု ထုတ်ပြန်

မကွေးတိုင်း ပခုက္ကူခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်တပ်ရင်းများနဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင်အတွင်း တိုက်ပွဲ ၂၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇူလိုင်အတွင်း ပခုက္ကူခရိုင်အမှတ် တပ်ရင်း (၂) ၊(၃)၊(၄)၊(၅)၊(၆)၊(၈)၊(၁၀)၊(၁၁)၊(၁၂)နှင့် (၁၉) တပ်ရင်းများနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်များ တိုက်ပွဲများ ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ(၂၅၈)၊ ခလရ(၂၅၁)၊ ပျုစောထီး ပူးပေါင်းအင်အားများနဲ့ တိုက်ပွဲများ ဖြစ်ပါးခဲ့ပါတယ်။ တိုက်ပွဲများအတွင်း ရန်သူ့တပ်သား ၆၃ ဦး သေဆုံးခဲ့ပြီး ၈၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

(မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ – MOD/NUG)

▪️ကျွန်းစုမြို့နယ်မှာ ကလေးငယ်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ ပြည်သူ ၁၅ ဦး ​ခြောက်ရက်ကြာသည်အထိ ပြန်မလွတ်သေး

မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၅ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ရာ ခြောက်ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံများက ပြောပါတယ်။ အဖမ်းခံရသော ပြည်သူ ၁၅ ဦးဟာ ဇူလိုင် ၂၇ ရက် ည ၈ နာရီခန့်က မြိတ်မြို့မှတဆင့် ကျွန်းစုမြို့နယ်မြိုင်သာယာကျေးရွာသို့ စက်လှေဖြင့်ပြန်လာစဥ် ချောင်းဝမှာစစ်ဆေးရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီ သဇင်ရဲစခန်းမှ ရဲများက ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီရဲများက ပြည်သူများစီးနင်းလာတဲ့စက်လှေအားစစ်ဆေးချိန် လှေပေါ်ပါတဲ့ ဆန်နဲ့ စားနပ်ရိက္ခာများကို တွေ့ရှိရာမှ တော်လှန်ရေးတပ်ဖွဲ့များထံ ထောက်ပံ့တယ်ဆိုကာ စွပ်စွဲဖမ်းဆီးခဲ့တာလို့ ဒေသခံများက ပြောပါတယ်။

ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)
ကျွန်းစုမြို့တွင် ဆိုင်းဘုတ်အချို့အားလိုက်လံ ဖြုတ်သိမ်းနေသည့် စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဥ်(ပုံဟောင်း/CJ)

▪️မြောင်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို မဟာမိတ်အဖွဲ့များ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မနေ့ နေ့ခင်းက စစ်ကောင်စီတပ်စွဲထားတဲ့ မြောင်မြို့​ပေါ်ရဲစခန်းနဲ့ ထွေအုပ်ရုံးကို မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုပြီး ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဘက် ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွါလာတယ်လို့ သိရပါတယ်။

(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)