Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးနှင့် မူဆယ်တွင် TNLAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

လားရှိုးလွယ်ကန်ရွာ အနီးတိုက်ပွဲမှာလည်း နေ့လယ် ၁နာရီ ၁၀မိနစ်မှ ၂နာရီ ၅မိနစ်အထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-The New york Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-The New york Times)

▪️မူဆယ်အနီး ယခုညပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေ

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့တွင် နေရာ နှစ်ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးအရာရှိ က ပြောသည်။

ဩဂုတ် ၂ရက် နံနက်ပိုင်းမှ ယခု ညပိုင်းအထိ မူဆယ်မြို့နယ် နာထမ်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး လားရှို့မြို့နယ် လွယ်ကန်ရွာအနီးတွင်လည်း ယနေ့ နေ့လယ်ပိုင်းက ၁နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“မူဆယ်မှာဆိုရင် နာထမ်ရွာမှာ မနက် ၁၀နာရီ ၄၅ကနေ အခုညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဖြစ်တာက TNLA တပ်နဲ့ မူဆယ် မြို့မ ပြည်သူ့စစ်ရယ်ပြီးရင် စကစ ခလရ(၂၆၁)ရယ် အဲဒါနဲ့ ဖြစ်ပွားခဲ့တာပါ။ အခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတော့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ မသိရသေးဘူးပေါ့လေ”ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

တိုက်ပွဲဖြစ်ပွားရသည့်အကြောင်းအရင်းမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာ၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

လားရှိုးလွယ်ကန်ရွာ အနီးတိုက်ပွဲမှာလည်း နေ့လယ် ၁နာရီ ၁၀မိနစ်မှ ၂နာရီ ၅မိနစ်အထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

“စစ်ကောင်စီဘက်က အဲဒီမှာရှိတဲ့ တပ်စခန်းကို လာရောက်ပြီး တိုက်ခိုက်တယ်”ဟု ၎င်းက ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အသေးစိတ် အခြေအနေ မသိရသေးဟု ပြောပြသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လအတွင်း တိုက်ပွဲ၈ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ ကွတ်ခိုင်၊မူဆယ်၊လားရှိုး၊ကျောက်မဲ မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကသေဆုံးထိခိုက်ရှိသကဲ့သို့ TNLA ဘက်ကလည်း ထိခိုက်မှု အချို့ရှိခဲ့သည်။ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူများ လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများသေဆုံးထိခိုက်ရှိခဲ့သည်။