Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ထောင် ၂ နှစ်ချထားတဲ့ ကချင်ပြည်နယ် သယံဇာတဝန်ကြီးပြန်လွတ်လာ

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

စစ်ကောင်စီ ထောင် ၂ နှစ်ချထားတဲ့ကချင်ပြည်နယ် သယံဇာတဝန်ကြီးပြန်လွတ်လာ

ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ NLD အစိုးရရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝင်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ဇူလိုင်လ ၂၉ ရက်က မြစ်ကြီးနားထောင်ကနေ လွတ်မြောက်လာပြီလို့ မိသားစုနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

Public Service Announcement

Public Service Announcement

“လွတ်လာတာဟုတ်ပါတယ် ၊ သူနေကောင်းကျန်းမာပါတယ်”လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့အနေနဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရဖွဲ့ပြီးချိန်ထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ လက်အောက်က ဌာနဆိုင်ရာ ရုံးတွေကို ပိတ်ရက်အဖြစ် သတ်မှတ်တယ်လို့ ဝန်ကြီး ဦီးဒါရှီလဆိုင်းက ထုတ်ပြန်ချက်ထုတ်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ကိုမကျေနပ်တဲ့ စစ်ကောင်စီက စာထုတ်တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၉ ရက်မှာတင် ဦီးဒါရှီလဆိုင်းကို နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင် ၂ နှစ်ချလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်အားလုံးကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ စည်ပင်ဝန်ကြီးနဲ့ စီမံစီပွားဝန်ကြီးတို့ လွတ်မြောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ဇေအောင်/People’s Spring မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(ဇူလိုင်၂၉ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း...

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ယာဉ်တစ်စီးပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။