Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့နယ် ရွာသာယာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ တော်လှန်ရေးအဖွဲ့ လက်နက်ခဲယမ်းများရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။

ရွာသာယာစခန်းသိမ်းတွင် ရရှိခဲ့သောလက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSR

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၃၀) သတင်းထုတ်ပြန်သည်။

ရွာသာယာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား ဇူလိုင် ၂၄ရက် နံနက် ၄နာရီ ၁၅မိနစ်မှစတင်ကာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈နာရီခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ကျော်သေဆုံးပြီး တော်လှန်‌ရေးအဖွဲ့ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

“ခုခံတိုက်တဲ့ကောင်တွေအကုန်သေတယ်”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် သေနတ်(၁၇)လက်ထက်မနည်းအပါအဝင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

ရွာသာယာစစ်ကောင်စီတပ်စခန်းသည် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းနားဘေးရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ပစ္စည်းများကို ခိုးယူခြင်း၊ပြည်သူလူထုအား သတ်ဖြတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သောကြောင့် အခြေအနေကောင်းကို စောင့်ပြီး အမြန်ဆုံးသိမ်းပိုက်လိုက်ရခြင်းဖြစ်ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊‌ရွှေဘိုခရိုင် ကွပ်ကဲရေး(၂)အောက်ရှိ အမှတ်(၁)+(၂)တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန်းခရိုင် တပ်ရင်း(၆)၊ဝက်လက်မြို့နယ် ပကဖနှင့် စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်ချခံရတဲ့ ဦီးဒါရှီလဆိုင်းဟာ ထောင်ဒဏ်ရက်စေ့ပြီး လွတ်မြောက်လာ တာပါ။

သတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်စဥ့်ကူးမြို့ကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေပြီး ရေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သတင်း

ဇေအောင်/People’s Spring မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(ဇူလိုင်၂၉ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း...