Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် တော်လှန်​ရေးတပ်များက ယူကရိန်းထုတ်သံချပ်ကာယာဥ်သိမ်းဆည်းရရှိ

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦး​ဆောင်​​​သော ​တော်လှန်​ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် ​ BTR -3U ဖြစ်​နေသည်ကို​တွေ့ရသည်။

လားရှိုးရှိစစ်တပ်မှသိမ်းဆည်းရ​သောယူကရိန်းနိုင်ငံထုတ် BTR-3U သံချပ်ကာနှင့် BPLA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-BPLA)

ဒီပ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ဦး​ဆောင်​​​သော ​တော်လှန်​ရေးတပ်များ ဇူလိုင် ၂၈ ရက်က စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော သံချပ်ကာယာဥ်သည် ယူကရိန်းနိုင်ငံထုတ် ​ BTR -3U ဖြစ်​နေသည်ကို​တွေ့ရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုသည် လားရှိုးမြို့အခြေစိုက် အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းအပါအဝင် အမှတ်(၂၄၂)စစ်လက်နက်တပ်ခွဲ၊ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်တပ်ဂေါက်ကွင်း တို့ကို ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တွင်သိမ်းပိုက်နိုင်ခဲ့​ကြောင်း BPLA ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းသည့် ​နေ့တွင်​ နေပြည်​တော်၌ အသုံးပြုခဲ့​​သော BTR-3U။ဓါတ်ပုံ- File Photo

အမှတ်(၇၀၀၅)သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်းမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများတွင် ယူကရိန်းနိုင်ငံထုတ် BTR-3U သံချပ်ကာယာဥ်ပါဝင်​နေသည်ကို သတင်းဓါတ်ပုံတွင်​တွေ့ရသည်။

စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်နှင့် ၂၀၁၀ခုနှစ်အတွင်း စစ်တပ်က ယူကရိန်းမှ BTR 3U အစီး​ရေများစွာဝယ်ယူခဲ့ပြီး အဆိုပါသံချပ်ကာယာဥ်များဝယ်ယူရန် ဘက်ဂျက် ​ဒေါ်လာသန်း ၅၀၀ ​​ကျော်သုံးစွဲခဲ့​ကြောင်း နိုင်ငံတကာစစ်လက်နက်​စောင့်ကြည့်​​ရေးဝက်ဆိုက်များက​ဖော်ပြသည်။

အဆိုပါသံချပ်ကာယာဥ်သည် အရှည် ၂၅ ​ပေ ၁၀လက်မ ၊ အမြင့် ၉ ​ပေ ၂ လက်မ ၊ အကျယ် ၉​ပေ ၆ လက်မ ၊ ယာဥ်အ​လေးချိန် ၁၆ တန်ရှိ​ကြောင်းစစ်တပ်ကထုတ်ပြန်ထား​သောအချက်အလက်များအရသိရသည်။တိုက်ယာဥ်အဖွဲ့သား ၃ ဦး စီးဖြစ်ပြီး ထပ်​ဆောင်း ၆ ဦးထပိမံစီးနင်းနိုင်​သောသံချပ်ကာလူသယ်ယာဥ်ဖြစ်သည်။သံချပ်ကာယာဥ်တွင် ၃၀ မမ စက်အ​မြောက် နှင့် ၇.၆၂ စက်​သေနက် တပ်ဆင်ပစ်ခတ်နိုင်သည်။

BTR-3U သံချပ်ကာယာဥ်များကို ယူကရိန်း၊ကာကွယ်​ရေးဝန်ကြီးဌာန လက်​​အောက်ရှိ Kharkiv Morozov Machine Buliding Design Bureau ကထုတ်လုပ်ထားခြင်းဖြစ်သည်။ ယူကရိန်းက မြန်မာအပါအဝင် အဇာဘိုင်ဂျန် ၊ နိုင်ဂျီးရီးယား ၊ထိုင်း ၊ဆူဒန် ၊ရုရှား ၊ ယူ​အေအီး စ​သောနိုင်ငံများသို့ ​ရောင်းချခဲ့သည်။ မြန်မာစစ်တပ်သည် ယူကရိန်းထံမှ BTR-3U အများဆုံးဝယ်ယူ​သောနိုင်ငဲတစ်နိုင်ငံဖြစ်ပြီး ၂၀၁၅-၂၀၁၆ ကိုးကန့်စစ်ပွဲတွင် ထိုသံချပ်ကာယာဥ်များ၏ စွမ်း​​ဆောင်ရည်ကို သ​ဘောကျ၍ အစီး​ရေတိုးဝယ်လိုပြီး ယူကရိန်းနှင့်ပူးပေါင်း ပြည်တွင်၌ပင်တပ်ဆင်ထုတ်ထုတ်ရန် စိတ်ကူးခဲ့​ကြောင်း defence-blog က​ ဖော်ပြသည်။

၁၀၂၇ ပထမလှိုင်းက MNDAAသိမ်းရ​ခဲ့​သော BTR-3U (ဓါတ်ပုံ- MNDAA)

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့တွင် ​နေပြည်​တော် လမ်းမကျယ်ကြီးများကို ပိတ်၍ သံချပ်ကာယာဥ်များရပ်၍ စစ်သားများက လုံခြုံ​ရေးယူခဲ့ရာတွင် BTR-3U သံချပ်ကာယာဥ်များကိုအသုံးပြုခဲ့သည်။

၂၀၁၅ ကိုးကန့်စစ်ပွဲတွင်အသုံးပြုခဲ့​သော ထိုသံချပ်ကာယာဥ်များကိုMNDAA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များကယခုအခါသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ ပထမလှိုင်းတိုက်ပွဲများတွင်လည်း MNDAA က စစ်​​ကောင်စီတပ်ထံမှ ယူကရိန်းနိုင်ငံထုတ် BTR-3U နှင့် MT-LBMSh သံချပ်ကာယာဥ်များကိုသိမ်းဆည်းနိုင်ခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇ စစ်ဆင်ရေး (ပ+ဒု)နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးအား အလေးအနက် ကျေးဇူးတင်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ် သုံးဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည်။

သတင်း

လားရှိုး မြို့တွင်​တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​​သောစခန်း ၁၅ ခုအထိရှိလာ

သတင်း

အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းမှလုံခြုံရေး အသင်းဝင်များက လားရှိုးမြို့ပြည်သူများလုံခြုံရေးအတွက် စတင်တာဝန်ယူနေပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

သတင်းအတုပြုလုပ်ဖြန့်ဝေနေသူများအား ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူမည်ဟု သတိပေး