Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်​ဟောင်းနှင့် တရုတ်ဝန်ကြီးတွေ့ဆုံမှုတွင် ဦးသန်း​ရွှေကအချက် ၂ ချက်​တောင်းဆိုပြီးဝမ်ယိကအချက် ၅ ချက်အဓိက​ပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်အာဏာရှင်​​ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်း​ရွှေတို့​​တွေ့ဆုံ​စဥ် စစ်အာဏာရှင်​ဟောင်းကအချက် ၂ ချက်ကို အဓိက​ဆွေး​နွေး​တောင်းဆိုပြီး ဝမ်ရိက အချက် ​ငါးချက်ကို အဓိက​ပြောဆို​ဆွေး​နွေးခဲ့​ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက​ဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဝမ်ယိ နှင့် စစ်အာဏာရှင်​​ဟောင်း ဦးသန်း​ရွှေ ​နေပြည်​တော်၌​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ဆင်ဟွာ

ပြည်ပကျူး​ကျော်စွက်ဖက်မှုကိုကာကွယ်​ပေးရန်နှင့် ပြည်တွင်းတည်ငြိမ်​ရေး တရုတ်ကအ​ထောက်အပံ့များ​ပေးရန် ဦးသန်း​ရွှေ အကူအညီ​တောင်း
▪︎၂၀၀၈ ​ခြေဥ​အောက်မှ ​ရွေးကောက်ပွဲလုပ်ရန် ၊ဒီမိုက​ရေစီအသွင်းကူး​ပြောင်းမှုစတင်ရန်အပါအဝင်အချက် ၅ ချက်ကိုဝမ်ယိ​ပြော

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်အာဏာရှင်​​ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်း​ရွှေတို့​​တွေ့ဆုံ​စဥ် စစ်အာဏာရှင်​ဟောင်းကအချက် ၂ ချက်ကို အဓိက​ဆွေး​နွေး​တောင်းဆိုပြီး ဝမ်ရိက အချက် ​ငါးချက်ကို အဓိက​ပြောဆို​ဆွေး​နွေးခဲ့​ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက​ဖော်ပြချက်အရသိရသည်။

​နေပြည်​တော်တွင် သြဂုတ် ၁၄ ရက်​တွေ့ဆုံမှုတွင်ဦးသန်း​ရွှေက တရုတ်နိုင်ငံအ​နေဖြင့် မြန်မာနိုင်ငံအ​ပေါ် ပြည်ပ ဝင်​​ရောက်စွက်ဖက်မှုများကိုကာကွယ်ရန် နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း​ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အသက် ၉၁ နှစ်အရွယ် ရှိ စစ်ဏာရှင်​ဟောင်းဦးသန်း​ရွှေသည် ရှပ်လက်ရည်အီကျ်ီ ၊အနက်ကွက်လုံခြည်ကိုဝတ်ဆင်ထားပြီး ကျန်းမာ​ရေး​ကောလဟလများမကြာခဏထွက်ခဲ့ဖူး​သော်လည်းဓါတ်ပုံတွင် ကျန်းမာ၍ သတိ​ကောင်း​နေသည်ပုံ​ပေါ်​ေိသည်ကို​တွေ့ရသည်။တပ်ချုပ်​​ဟောင်းဦးသန်း​ရွှေသည် ၂၀၁၁ ခုနှစ်တွင် တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်တာဝန်ကို တွင် မင်း​အောင်လှိုင်ကို​ရွေးချယ်ခန့်အပ်ခဲ့သူဖြစ်သည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ကြောင်း​ပြောကြားခဲ့သည်ဟု ​ဆင်ဟွာက​ဖော်ပြသည်။

သို့​သော် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ကြောင်း​ပြောဆိုချက်မှာ မည်သည့်အရာကို ဆိုလိုရင်းခြင်းဖြစ်််​ကြောင်း​ဖော်ပြထားခြင်းမရှိ​ပေ။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဝမ်ယိ နှင့် စစ်အာဏာရှင်​​ဟောင်း ဦးသန်း​ရွှေ ​နေပြည်​တော်၌​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ဆင်ဟွာ

ယခုခရီးစဥ်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံသို့ ဒုတိယ​အကြိမ်လာရောက်ခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၂ နှစ်လယ်ပိုင်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတက်ရန် ပုဂံမြို့သို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က မစ္စတာဝမ်ယိသည်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ခြင်းမရှိပေ။

တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော်(MNDAA)ဦး​ဆောင်​သောမဟာမိတ်တပ်များက အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်းမှာ စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများကတရုတ်နိုင်ငံ မုန်းတီး​ရေး၊ဆန့်ကျင်၏​ရေး ပြုလုပ် ​နေချိန်တွင် တရုတ် ဝန်ကြီးကလာ​ရောက်ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်​ဟောင်းဦးသန်း​ရွှေနှင့် ဝမ်ယီ​တွေ့ဆုံ​ဆွေး​နွေးမှုကို ဆင်ဟွာက ​​အောက်ပါအတိုင်း​ဖော်ပြထားသည်။

(အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက ဝမ်ယိမှတစ်ဆင့် သမ္မတ ရှီကျင့်ဖိန်ထံ နွေးထွေးစွာ နှုတ်ခွန်းဆက်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ကမ္ဘာသိ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ရေရှည် ကိုယ်ကျိုးမဖက်သည့် ကဏ္ဍစုံ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသလို ငြိမ်းချမ်းစွာ အတူနေထိုင်ကြကြောင်း၊ ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးသန်းရွှေကို ပြောကြားခဲ့သည်။ ဝမ်ရိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ရေရှည်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံက အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် နိုင်ငံတကာ အပြောင်းအလဲများ၏စမ်းသပ်မှုကို ဖြတ်သန်းရာတွင် ပို၍ ခိုင်မာခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အိမ်နီးချင်းသံတမန် ဆက်ဆံရေး၏ အရေးကြီးသည့်နေရာတွင် အစဉ်အမြဲ ထားရှိကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့အကျိုးရလဒ်များ ပိုမိုရရှိအောင် ဆောင်ရွက်သွားလိုကြောင်း၊

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အေးအတူ ပူအမျှ၊ အပြန်အလှန်ဖေးမ ကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည် ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ယုံကြည်အားထားရသည့် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်ကို အပုပ်ချရန် ကြိုးပမ်း​သောလုပ်ရပ်တွေကို တရုတ်က ဆန့်ကျင်မှာ ဖြစ်တယ်လို့လည်း ဝမ်ကသတိ​ပေး

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၃) မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

LMC အစည်းအဝေးကို ခေါင်းတင်ထားသဖြင့် တရုတ်က စစ်ကောင်စီကို တဆင့်နိမ့်ဆက်ဆံသည်ဟု နိုင်ငံရေးအကဲခတ်အချို့ သုံးသပ်

သတင်း

လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသွားရောက်ဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။