Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်းကပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၀) ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၀) ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ မီးလောင်ပြင်မှ ရုန်းထလာသော တော်လှန်ပြည်သူတွေ၊ သပိတ်အင်အားစုမှ ရဲဘော်တွေနဲ့ ဒေသခံအင်အားစုတွေ ပူးပေါင်းကာ “ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ ရင်ခွင် ခိုလှုံကြ”၊ “၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို ထောက်ခံပါတယ်” စာသားတွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ကျေးရွာများသပိတ်အင်အားစုက ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်၍ စိတ်မကောင်းဖြစ်ရဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ဆို

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၁၉)အသီးသီး ဆန္ဒပြခဲ့ပါတယ်။